Chapter(2)

9.8K 672 12
                                    


နေရောင်ခြည် ကမြူမှုန်များကို ထိုးဖောက်၍ ကျလာလေပြီ။
တောင်ပေါ်လမ်းကြားလေးကိုဖြတ်လို့
ခေါင်းငိုက်စိုက်စွာ နှေးတုံ့နှေးတုံ့နဲ့ လျှောက်လာသောကောင်လေး
ကျောင်းဝတ်စုံ လက်တို နဲ့ဘောင်းဘီတိုသာဝတ်ဆင်ထားလျက်
တောင်ကြီးမြို့ရဲ့ဆောင်းမနက်ခင်းကို သူ ဂရုမပြုတာလား? မိုက်ရူးရဲတာလား? အေးစိမ့်ပီး ခိုက်ခိုက်တုန်နေတဲ့ခံစားချက်ကို
အံတုချင်တာလား? ဘာကြောင့်ပဲဖြစ်ဖြစ် ထိုကောင်လေးကိုမြင်လိုက်တဲ့ သူတိုင်းကတော့ ရူးများနေလားဆိုတဲ့အကြည့် တချို့ကဂရုဏာကြည့် တချို့ကတော့အံ့သြသောအကြည့်နဲ့
ကွက်ကြည့် ကွက်ကြည့် ကြည့်ရုံကလွဲပြီး သူတို့ဦးတည်ရာကိုပဲဆက်လက် ထွက်သွားကြသည်။

ထိုကောင်လေးကတော့ ပတ်ဝန်းကျင်ကိုတစ်စက်မှဂရုပြုပုံ
မပေါ် အောက်ကမြေကြီးကိုသာ မျက်နှာအပ်မတတ် ခေါင်းငိုက်စိုက်ပီးကြည့်နေလေရဲ့
ထိုကောင်လေးအတွေးထဲမှာတော့.....

"မေမေဘာလို့ထွက်သွားရတာလဲ?
ဘာကြောင့်ထွက်သွားတာလဲ? ဖေဖေကရောဘာလို့မေမေ့ကိုမောင်းထုတ်လဲ? မေမေကရောသူ့ကိုဘာလို့မခေါ်သွား
နိုင်တာလဲ?" ၁၀နှစ်သားလေးရဲ့အတွေးနဲ့ သူစဉ်းစားနိုင်သလောက်
စဉ်းစားကြည့်တယ်.......
အဖြေမထွက်ခဲ့....
မေမေဘာကြောင့်ထွက်သွားရတာလဲလို့ဖေဖေကိုမေးခဲ့ပေမယ့် 

"မင်းမေမေဘယ်တော့မှ ဖေဖေတို့်ဆီပြန်လာမှာမဟုတ်တော့ဘူး
သား မင်းဘဝကြီးထဲမှာ အမေဆိုတာမရှိတော့ဘူး အဖေသာ
ရှိတော့တယ်လို့မှတ်ထားသား"
အဲ့ဖြေရှင်းချက်သာ ကြားပြီး ဖေဖေ့ကိုဘာမှထပ်မမေးရဲတော့......

အခုလဲ မိမိကိုကျောင်းသွားတက်လို့
ပြောပြီးဖေဖေအပြင်သို့
ထွက်သွားပြီလေ

အိမ်ကထွက်လာတည်းအတွေးများစွာနဲ့မို့ အနွေးထည် မဝတ်ခဲ့တာကို အေးစက်ပီးထုံကျင်လာတဲ့ ခြေထောက်တွေကြောင့် ခုမှသတိထားမိသွားသည်။

သတိရလို့ကြည့်လိုက်တော့ကျောင်း
အဝင်ဝပင် ရောက်နေပြီ။ အိမ်ပြန်ယူဖို့ကလဲ အသွားအပြန်နဲ့ကျောင်းနောက်ကျ
သွားနိုင်သည် မထူးတော့ ကျိတ်မှိတ်ပြီးခံမယ်ကွာ တော်ကြာနေရင် အအေးဓာတ်လျှော့တော့မှာဆိုတဲ့
အတွေးနှင့်

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now