***နွေ၊မိုး၊ဆောင်း***
***နှစ်၊လ၊ရက်***
*ရာသီအလီလီ ပြောင်းလဲလာခဲ့ရာ
ယခုဆိုလျှင် ကျနော်ဟာ (၉)တန်းကျောင်းသား
ကြီးပင်ဖြစ်နေခဲ့ပြီ။အချိန်တွေဘယ်လိုပဲပြောင်းလဲသွား
ပါစေ ခွဲခွာရသည့်အချိန်မှစ၍ ယခုအချိန်ထိ သူ့သတင်းတွေကို
အမြဲစုံစမ်းလာခဲ့သည်။
၂နှစ်လောက် သူ့နေရာ အတိအကျကို
ကျနော် ရှာမတွေ့ခဲ့ပါ။
ဒါကလဲ ကံကြမ္မာက ပဲ မိမိတို့ကိုလှည့်စားခဲ့တာပဲဖြစ်မည်။
ဘာပဲဖြစ်ဖြစ် ယခုချိန်မှာတော့ သူဘယ်မှာရှိနေတယ် ဆိုတာသိနေရုံနဲ့တင် ကျနော်ပျော်နေခဲ့သည်။ကျနော် တစ်နေ့သူ့ဆီအရောက်သွား ဖြစ်အောင်သွားမှာပါ.........။*"သားရီး မင်း သီတင်းကျွတ်ကျောင်းပိတ်ရက်
ဘယ်သွားမှာလဲ" အတွေးများနှင့်လွှင့်မျောနေသော မိမိကို ရဲဇော်ထိုက် မှ ပုခုံးလှမ်းပုတ်ကာမေးလိုက်သည်။"မသိသေးပါဘူးကွာ အိမ်မှာပဲ ကျူရှင်တတ်ရမလား မသိဘူး"
"ဟာမင်းကလဲကွာ တစ်နှစ်ပတ်လုံး
ကျောင်းစဖွင့်တည်းက တက်လာနေတာပဲကျူရှင်က ခုမှအပိုလုပ်လို့နားလိုက်စမ်းပါကွာ စာမေးပွဲတွက်ငါတို့ခေါင်းပူပြီးသွားပြီ
လေ ခေါင်းဆေးသင့်တယ်""အကြီးကြီးတွေမပြောနဲ့ဟေ့ကောင်
မင်းကြည့်တော့ ငါ့ဆီကဒိုင်ခံကူးချနေပြီးတော့ ""ဟေ့ကောင်တိုးတိုးလုပ်စမ်းပါကွာ
တော်ကြာဆရာမကြားသွားအုံးမယ်""ကြားလဲ အေးတာပဲ မင်းလိုကောင်မျိုးကလေ မွေးကတည်းက စာသင်ချင်စိတ်ပါမလာတဲ့ကောင်" မိမိ ကိုးတန်းတက်မှ ခင်သွားကျသည့်
ရဲဇော်ထိုက် ဆိုသည်မှာ စာထဲ တွင်
လုံးဝစိတ်မဝင်စားပေ။ အမြဲတမ်းနောက်ဆုံးခုံတွင် ထိုင်ကာ
အတန်းထဲကကောင်မလေးချောချော တွေကိုလိုက်ငေး လိုက်ကြောင်ဖို့ပဲသူစိတ်ဝင်စားသည်။မိဘတွေက ချမ်းသာတော့
စာမလုပ်ပေမယ့် ဆရာမများရဲ့အချစ်တော်ဖြစ်ပြီး အရေးပေးခံနေရသူတစ်ယောက်
ဖြစ်သည်။"ဒီလိုလုပ်ကွာ ငါမန္တလေးပြန်ဖို့ မင်းလိုက်ခဲ့ပါလား ငါ့အဒေါ်ကအလည်လာဖို့ခေါ်နေတာ"
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...