တရိပ်ရိပ်နဲ့ ကျန်ခဲ့သော မြင်ကွင်းများကို ကားပြတင်းပေါက်ဆီမှ
နေ၍ ထွဋ်မြတ် စိတ်မပါစွာ ကြည့်နေလေသည်။၎နာရီ လောက်ထကာ ရန်ကုန်သို့သွားဖို့ပြင်ဆင်ရသည်
မှာသူ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေသည်။သူလွမ်းသည်...ချစ်စဖွယ်ကောင်း
သောမျက်နှာလေးပိုင်ရှင်ကိုပေါ့...
သူလွမ်းသည်...ပွစိပွစိ နဲ့သူ့ကိုအမြဲ
ဆူပူနေတဲ့ကောင်လေးကို...
ရန်ဖြစ်လာလို့ ပေါက် ပြဲလာရင်...
ပွစိပွစိလုပ်ကာ သူ့ကိုဆေးထည့်ပေးတဲ့
ကောင်လေးကို...ကျွန်တော့်ကို အတတ်ဆုံး ရန်ကိုရှောင်ဖို့...
တစ်ဖက်ကရန်စခဲ့ရင်လည်းသည်းခံ
ပြီးရှောင်ထွက်ဖို့ အမြဲဆုံးမတတ်သော
ကောင်လေးကို...ကျွန်တော် သတိရသည်..။လွမ်းသည်...။
တွေ့ချင်သည်...။
အဲ့ဒီ ကောင်လေးကြောင့်သာ...
ကျွန်တော်ရဲ့ဒေါသတွေ ချုပ်ငြိမ်းအောင်လုပ်နိုင်စွမ်းရှိခဲ့သည်။
သူသာမရှိရင်...
ကျွန်တော်အခုလောက်ဆို ရည်ရွယ်ချက်မရှိ...ဦးတည်ရာမရှိ..
လမ်းသရဲတွေဆီမှာသာ..
ကျွန်တော့်ရဲ့ဒေါသတွေစု ပုံပြီး နေ့တိုင်းရန်ပွဲနှင့်ကျော်ဖြတ်ရလိမ့်မည်။ကျွန်တော့်ဘဝမှာ ဘာမှမကျန်တော့
ရင်တောင် ထိုကောင်လေးရှိရင်..
ကျွန်တော့်အတွက်ပြည့်စုံပြီ...
ကျွန်တော့်လိုအနာဂတ်အတွက်..
ဘာမှလမ်းမရှိပေမယ့်..သူ့အတွက်ကို
ကျွန်တော်အတတ်နိုင်ဆုံးကြိုးစား၍
ထောက်ပံ့ ပေးသွားမယ်၊ကာကွယ်ပေးသွားမယ်လို့
ကျွန်တော်ဆုံးဖြတ်ထားသည်။ဒါပေမယ့် အဲ့ဒီ ကောင်လေးက
ကျွန်တော့်စကားကို အခုနောက်ပိုင်း
သိပ်မနားထောင်တော့ဘူး...
အလုပ်မလုပ်ပဲ စာကိုသာ
အာရုံစိုက်ဖို့ပြောသော်လည်း
ကျွန်တော့်စကားကိုလက်မခံခဲ့ပါ
ကျွန်တော်နဲ့ ဝေးနေလို့
ဒါကျွန်တော့်ကိုမခန့်တာလား...
ကျွန်တော်ကပဲသူမခန့်တော့အောင် ပြုမူမိသလား ဆိုတာ
စဉ်းစားမိလိုက်တိုင်း
ထိုကောင်လေးပါးကို ဆွဲလိမ်ပစ်လိုက်ချင်တော့သည်။ထို့ နောက်.....ကျွန်တော် အိတ်အကြည်လေးထဲမှ
ပြူထွက်နေသော *မန္တလေးထိုးမုန့်*
ကိုကြည့်၍ ပြုံးလိုက်သည်။
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...