Chapter(6)

4.6K 382 8
                                    


"အိမ်ပြန်မယ်ဗျာ!"

မိမိပြောလိုက်သောစကားကြောင့် ဦးအိုက်တစ်ယောက် လှည့်ကြည့်လိုက်သည်။

"သားဝန်း လေးပဲ ရှုခင်းတွေ လျှောက်ကြည့်ချင်တယ်ဆို အခုဘယ်လိုဖြစ်ရတာလဲကွယ်"

"မသိဘူးဗျာ သားစိတ်ညစ်သွားပြီ မသွားချင်တော့ဘူးဘယ်ကိုမှ အိမ်ကိုပဲပြန်ပို့ပေးတော့"

မိမိစိတ်မပျော်တော့ပါ အစကတောင်ကြီးမြို့ရှုခင်းတွေ ကားနဲ့ လျှောက်ကြည့်ချင် တယ်လို့ မိမိကိုယ်တိုင်ကပဲ ဦးအိုက်ကို ဂျီကျထားသူ
ဘာကြောင့်မှန်းရယ်မသိ ဦးအိုက်ပြောခဲ့သော

"ဒီကလေးကလောလောလတ်လတ်
စိတ်ဒဏ်ရာရထားတာထင်တယ်"

ဆိုတဲ့စကားကို ကြားမိကတည်းက မိမိစိတ်တွေ တမျိုးကြီးခံစားသွားရသည်။
ဘယ်လိုခံစားချက်မျိုးလဲ မိမိအဖြေမထုတ်နိုင်ပေမယ့် အသက်ရှုမမှန်တော့သလိုလို ဝမ်းနည်းသလိုလိုဖြစ်နေခဲ့သည်။ မိမိအား ဘုကျကျဆက်ဆံတဲ့ ထိုဂြိုလ်သားလေး ဆီကိုပဲ စိတ်ကရောက်နေခဲ့သည်။

"သားဝန်းလေး ဘာကြောင့်စိတ်မပျော်ရတာလဲ သားဝန်းလေးဖေဖေလာမကြိုလို့
စိတ်ကောက်တာလား ဦးအိုက်သားဝန်းလေး
စိတ်ကျေနပ်အောင်
ဘာလုပ်ပေးရမလဲ
ပြောပါကွယ်"

ဦးအိုက်ပြာပြာသလဲပင်မိမိကို မေးလိုက်သည်။
မပြာလို့မရဘူးလေ မိမိမျက်နှာတစ်ချက်
မညိုးအောင်ထားရမည်။ ဆိုတဲ့ဖေဖေ့အမိန့်ရှိနေတာကိုး
သူဂရုမစိုက်အားတဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားကိုတော့ လိုလေသေးမရှိအောင် ထားရန် အိမ်က ကြီးတော်ကြီး နဲ့ ဦးအိုက်ကို မှာထားသည်။

"ဖေဖေလာမကြိုတာကိုသား
စိတ်မကောက်ပါဘူး သားစိတ်မပျော်တာပါ ရင်ထဲမှာတစ်မျိုးကြီးဖြစ်နေလို့
အဲ့ဒါ ကလဲ သားသိချင်တာ
မသိရလို့ပါ"

"သားဘာသိချင်လဲ
ဘာလုပ်ချင်လဲ ဦးအိုက်ကိုပြော ဦးအိုက်ရအောင်လုပ်ပေးမယ်
လေနော် သားဝန်းလေးက လိမ္မာပါတယ်"

"ဦးအိုက်တကယ်ပြောတာနော်
တကယ်လုပ်ပေးမှာနော် လူကြီးစကားနော် ဦးအိုက်" သေချာအောင် မိမိ ဦးအိုက်ကို ကြပ်ရလေပြီ။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now