ရှုပ်ပွေလီနေသော ဆိုင်ကယ်များ စက်ဘီးမျာဖြင့်ပြည့်ကျပ်နေသော
မန္တလေးမြို့မ ဈေးကြီး ကို ကျော်ဖြတ်၍တအိအိသာ မောင်းနှင်လာသော
မိမိတို့စီးလာသည့် တက္ကစီလေးမှာ လမ်းကျို လမ်းကြားများစွာကို
ကွေ့ကာ ဝှိုက်ကာ မောင်းနှင်လာရင်း
သစ်သား ပျဉ်ထောင် နှစ်ထပ်အိမ် ကြီး၏ ရှေ့သို့ရောက်ချိန်မှာတော့
တုံ့ ခနဲထိုးရပ်သွားသည်။အိမ်သုတ်ဆေး အစိမ်းနုရောင်ဖြင့် တစ်အိမ်လုံး
ကိုသုတ်ထားလေသည်။မိမိတောင်ကြီးတွင်နေထိုင်သော
သစ်သားလုံးချင်းအိမ်လေးထက်တော့ များစွာသားနား လှပလျက်ကားပေါ်မှ ဦးထွန်းလူ ဦးစွာ ဆင်းသွားကာ ကားသမားအား
ပိုက်ဆံ ရှင်းပေးနေလေသည်။
အန်တီမြတ် လဲကားပေါ်မှ ဆင်းသွား
ကာ အိမ်ထဲမှ တစ်ယောက်ယောက်ကိုခေါ်နေပုံမိမိလဲ ကားပေါ်မှ ဆင်းလိုက်သည်
ကားပေါ်က မိမိ၏ အဝတ်စားထုပ်ကို
မနိုင့်တနိုင် တရွတ်တိုက်ဆွဲချလိုက်သည်။"ဟဲ့ မိချော ဘယ်သူမှမရှိကျဘူးလား
ငါပြန်ရောက်နေတယ်လေ အိမ်တံခါးကိုဖွင့်ထားပြီး လူဝင်လာတာတောင်မသိတဲ့ ဟာတွေ
ဘယ်ရောက်ကုန်ကျလဲ" အိမ်ထဲသို့ဝင်သွားသော အန်တီ မြတ်အသံကို ကြားလိုက်ရသည်။"မနိုင်တာကို ဘာလို့သယ်နေရတာလဲသားရယ်
ပေး ဦးလူကို" ပိုက်ဆံရှင်းပြီးသွား၍
ကားနောက်ဖက်သို့လှည့်လာသော
ဦးလူ မိမိ မနိုင်မနင်း အထုပ်ကြီးဆွဲမနေသည်ကိုတွေ့ ၍
လက်ထဲကအထုပ်ကို ဆွဲယူကာပြောလိုက်ခြင်းဖြစ်သည်။"အိမ်ထဲဝင်ကျရအောင်လာသား"
ဦးလူမိမိလက်ကို ဆွဲခေါ်ကာ အိမ်ထဲသို့ဝင်လိုက်သည်။"ဒုန်း....ဒုန်း....ဒုန်း....."
အိမ်ပေါ်ထပ် လှေကားမှ ပြေးဆင်းလာသော ခြေသံ
တမင်တကာပင် တဒုန်းဒုန်းမြည်အောင် ခြေထောက်ဆောင့်၍ ဆင်းလာခြင်းဖြစ်သည်။"ဟာ မာမား ကလဲ ရောက်လာတာနဲ့ နားကိုညီးနေတာပဲ မိချောလဲ မရှိဘူး
မိမချော လဲမရှိဘူး"
ပြေးဆင်းလာသော ခြေသံပိုင်ရှင်မှ
အသံစူးစူးဖြင့် အန်တီမြတ် အားပြောလိုက်ခြင်းဖြစ်သည်။
ESTÁS LEYENDO
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
Ficción General"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...