အချိန်ကား မနက် ၉နာရီလောက်ပင်ရှိသေးသော်
လည်းနေမင်းကြီးရဲ့
အပူချိန်ကတော့ တရှိန်ရှိန်နှင့် ထိုးကျလာခဲ့သည်ဆရာကြီးနှင့်အတူလိုအပ် သော ပစ္စည်းများ လိုက်ဝယ်ပေးနေရသော ထွဋ်မြတ်လူကတော့
လူငယ်ပေမယ့် မမောသော်လည်း
အသက်အရွယ် အရ ဆရာကြီးမှာ မောနေလောက်ပြီမနက်အာရုဏ်တက် ၅နာရီ ကစ၍
ခြံမှ ထွက်လာကာ မြို့မဈေးကြီးသို့
လိုင်းကားဖြင့် ဆရာတပည့် ထွက်လာခဲ့သည်လေဈေးကိုရောက်ချိန်မှာ ၆နာရီပင်ထိုးတော့မည်
ဆရာကြီး လိုအပ်သောပစ္စည်းတွေများမှာ
အလွန်ရှားပါးသောကြောင့်
ကြိုမှာထားရသောပစ္စည်းဖြစ်သည်။တိုင်းရင်းဆေးမြစ်တွေကိုလဲ ဆရာကြီးကိုယ်တိုင်ရှာဝယ်၍ ကိုယ်တိုင်ဆေးဖော်လေ့ရှိသည်။
သူလဲ ဆရာကြီး ပစ္စည်းများကို ကူသယ်ပေးရင်းနှင့် စိတ်ဝင်တစားလေ့လာနေမိသည်"သား ဗိုက်ဆာ နေပြီလား
ဆရာကြီး စားနေကျ ခေါက်ဆွဲဆိုင်မှာ
သွားစားကြတာပေါ့""မဆာသေးပါဘူး ဆရာကြီးရတယ်
ဆရာကြီး လိုအပ်တဲ့ပစ္စည်းတွေမစုံသေးဘူး
မလား""တော်တော်များများစုံနေပါပြီ
တစ်မျိုးလောက်ပဲလိုတော့တာပါ""ဟုတ်ကဲ့ ဆရာကြီး..."
ဆရာတပည့်နှစ်ယောက် မြို့မဈေးကြီးထဲမှ
*ရှမ်းအစားစာများရနိုင်သည်*
ဆိုသောဆိုင်လေးထဲသို့ ဝင်ရောက်၍
ခေါက်ဆွဲ ၂ပွဲကိုမှာလိုက်လေသည်။ခေါက်ဆွဲလာမချခင်
ဆရာကြီးကတော့
ဝယ်လာသောသူ့ပစ္စည်းများကို
စီစစ်နေလေသည်။
သူလဲ အိမ်သို့ခဏဖြစ်ဖြစ်ပြန်ပြီး
အခြေကြည့်ဖို့ဆရာကြီး ကိုပြောရန်
မေ့နေရာမှ...."ဟိုလေ ဆရာကြီး ဈေးဝယ်လို့ပြီးသွားရင် ကျနော်အိမ်ခဏ ပြန်ချင်လို့ အဲ့ဒါ..."
"အော်...အင်းဟုတ်သားပဲ
ဆရာကြီးလဲ သူငယ်ချင်းတစ်ယောက်ဆီ
ဝင်စရာရှိပါတယ် ဒီလိုလုပ်လေ
မင်းကိစ္စပြီးရင် ဒီဆိုင်ကိုပြန်လာခဲ့
ဆရာကြီးစောင့်နေမယ်..."
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...