****ရန်ကုန်မြို့ မှ
လှိုက်လှဲစွာကြိုဆိုပါ၏။****ထွဋ်မြတ်လူ စီးလာသောကားလေး
မြို့ထဲသို့ဝင်ရောက်သွားသည့်
အချိန်တွင် လက်မှ နာရီကို
တစ်ချက်သူငုံ့ကြည့်လိုက်ရာ
မွန်းလွဲ ၂နာရီပင် ရှိနေလေပြီ။ခရီးသည် အများနှင့်စီးလာရသော
ကားဖြစ်၍ လမ်းခုလတ်တွင် ကားတစ်ထောက်နားသည်နှင့်
ခရီးသည်များကျန်းမာရေး အရ
အပေါ့အပါး ကြောင့်ခဏနားသည်နှင့်
လမ်းမှာပင် အချိန်တွေ
တော်တော်ကုန်သွားခဲ့သည်။ထွဋ်မြတ်လူ ကတော့ စိတ်မရှည်နိုင်။
သူ့အတွက်ကတော့ အချိန်သည် ဒီရေအလား တန်ဖိုးရှိနေလေသည်။
အွန်ခေးကို သက်သက်ချည်း
လာတွေ့ချင်သော်လည်း
သူလက်မခံနိုင်ပေ။
သူ့အပေါ်ကို အွန်ခေးက ချစ်ကြောက်ရိုသေဖြစ်အောင်
နေချင်တာကတစ်ကြောင်း၊
အွန်ခေးကိုလည်း သက်သက်မဲ့
အလုပ်ပိုပေးမိမှာကိုလည်း သူမလိုလားတာကတစ်ကြောင်း၊
ပြီးတော့ အွန်ခေးကို အရမ်းဂရုစိုက်ပြ
စိတ်ပူပြနေရင် သူ့ရင်ထဲက မရိုးသားတဲ့စိတ်တွေကို ရိပ်မိသွားမှာ
စိုးရိမ်တာကတစ်ကြောင်းနှင့် သူအွန်ခေးကို ရူးမတတ်
တွေ့ချင်သော်လည်း ဆန္ဒတွေကို
ချုပ်တည်းထားရသည်။ ထို့ကြောင့်
ရန်ကုန်မှာ အလုပ်ကိစ္စ လေးရှိတုန်း
အကြောင်းပြပြီး အွန်ခေးဆီကို လာရသည်မှာ သူ့အတွက် အချိန်က
အရမ်းကိုတန်းဖိုးရှိနေသည်။သို့ပေမယ့် စိတ်ကသာအမြန်ဆုံး
ရောက်ချင်သော်လည်း ကိုယ့်ရဲ့ကိုယ်ပိုင်ကားကို စီးလာတာမဟုတ်သောကြောင့် အများနှင့်အတူရှည်ခဲလေသော
သူ့စိတ်ကို အရှည်ဆုံး
ဆွဲဆန့်ကာ လိုက်ပါခဲ့ရသည်။အခုတော့ အဲ့ဒီ့ဒုက္ခလွတ်မြောက်ဖို့
မိနစ်ပိုင်းသာလိုတော့သည်မို့ ထွဋ်မြတ်လူ လန်းဆန်းတက်ကြွ
နေကာ အထုပ်အပိုး တွေကို
လက်မှာ အဆင်သင့်ပင် ကိုင်ထားလိုက်လေတော့သည်။----------------------------------
နေမင်းရဲ့ အပူရှိန်က ခေါင်းတည့်တည့်
မှကျော်၍ တောက်လောင်စွာ ကျွန်တော့် ဦးခေါင်းမှကျောပြင်
ပေါ်သို့ ထိုးကျနေသည်မှာ မိနစ်ပိုင်းများစွာကြာမြင့်နေခဲ့ပြီ။
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...