Chapter (27)

2.5K 215 27
                                    


မျက်လုံး  ကိုကြိုးစားအားယူပြီး
သူဖွင့်လိုက်သည်။
အလင်းရောင် ပျပျသာရှိသော
နေရာသို့ မိမိရောက်နေသည်လား
ဒါမှမဟုတ် ညမှောင်ခါနီးပေမို့လား
မိမိဘာကြောင့်ဒီကို
ရောက်လာရတာလဲ?
မိမိမှတ်ဥာဏ်ကိုအလုပ်
ပြန်လုပ်စေကာအလျှင်အမြန်
စဉ်းစားနေမိလိုက်သည်။

မိမိနှင့် နေဝန်းနီ တွေ့ပြီးစကားပြောခဲ့ကြသည်
ပြီးနောက်....ကျင်းခုံး တို့ရောက်လာသည် နေဝန်းနီ မှာ
မိမိအတွက် တိုက်ခိုက်သော်လည်း
ဘယ်လိုမှမနိုင်သဖြင့် နောက်ဆုံး......

ဟင့်အင်း မဟုတ်ဘူး
ဒါအိပ်မက်မလား
ဟိုအရင်ရက်က မိမိမက်ခဲ့ဖူးသော
အိပ်မက်သာဖြစ်မည်

ထိုကြောင့် အိပ်မက်ဟုတ်မဟုတ်
မိမိစမ်းစစ်နေမိသည်။
လှုပ်မရ ခြေကော လက်ကောပါ ကြိုးဖြင့်မိမိတုပ်နှောင်ထားခံ
ထားရသည်။
ရုန်းကြည့်တော့ တင်းကြပ်စွာ တုပ်ချည်ထားသော ကြိုးများကြောင့်
မိမိလက်သည် နာကျင်သွားသည်။

ဒါဆိုရင်အိပ်မက်မဟုတ်နိုင်....
ဒါဆို နေဝန်းနီ ကော...
သူဘယ်ရောက်သွားလဲ?
သူ့ ကို ကျင်းဝမ်ဟုန် လူက နောက်စေ့ရိုက်လိုက်လို့ 
မိမိရှေ့မှာတင်
သူလဲကျသွားသည်။
အဲ့နောက်ပိုင်းဘာဆက်ဖြစ်လဲ ဆိုတာမိမိ မသိ နေဝန်းနီ လဲကျသွားသည်နှင့်တစ်ပြိုင်နက်
မိမိ လဲ မူးမိုက်သောခံစားချက်နှင့်
အတူလဲပြိုကျသွားသည်ထင်သည်။

"ကယ်ကြပါဦး...!!!
ဘယ်သူ ရှိလဲ...
ကျနော့်ကိုလွတ်ပေးပါ
ကျနော်တောင်းပန်ပါတယ်..."

အကူညီရလိုရငြားမိမိအော်ခေါ်နေမိ
သည်။ သို့သော် မည်သူမျှ ရှိဟန်မတူ
တိတ်ဆိတ် နေသော ဂိုဒေါင်အတွင်းမှာတော့ မိမိအသံသာ
ဟိန်းထွက်၍ သွားလေသည်။

'အား!!!!!ကျွတ်စ့်...!!!ကျွတ်စ့်'

ဟင်! ဒါ...ဒါ ဘယ်ကအသံလဲ?

နာကျင်၍ ည ည်း ညူကာ ထွက်လာသောအသံပင်....
သူများလား...

"နေဝန်းနီ လား..."

မိမိ ပြင်းပြပူပန်စိတ်တစ်ခုနှင့်အတူ
ည ည်းသံ ထွက် ပေါ် လာသောနေရာသို့
အပြေးလေးသွားချင်သော်လည်း
ခြေထောက်ကို တုပ်ချည်ထားသောကြိုးကြောင့်
မှောက်ရက်လဲကျသွားလေသည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ