*မှောင်မိုက်နေသောအခန်းတွင်း
အလင်းရောင်ဟူ၍ သံရိုက်ထားသောနေရာမှ
အနည်းငယ် တိုးဝင် လာသော
အလင်းမျှင်မျှင်လေးကိုသာ
မြင်နေရသည်
အခန်းပတ်ပတ်လည်ကို မျက်လုံးဝေ့ကာ ရှာကြည့်ပေမယ့်
ပြတင်းပေါက် ဟူ၍မမြင်မိပေ။
အသက်ရှုလို့မဝသလိုမိမိခံစားနေရ
သောကြောင့် ဤနေရာသည် အလုံပိတ်ခန်းဖြစ်နိုင်သည်။*မိမိဘာကြောင့်ဒီအခန်းထဲရောက်
နေရတာလဲ?ဘယ်လိုရောက်လာတာလဲ?
စဉ်းစားပေမယ့်အဖြေဆိုတာထွက်
မလာခဲ့ပေ။
အပြင်သို့ထွက်နိုင်ရန်မိမိကြိုးပမ်း
ရမည်မလား ဒီတိုင်းတော့ ဒီနေရာမှာလှောင်ပိတ်မနေနိုင်
ထို့ကြောင့် ကြိုးစားထထိုင်လိုက်သည်
မိမိမှာ တစောင်းအနေထားဖြင့်
လှဲလှောင်းနေခြင်းဖြစ်သည်။
အောက်က သမံသလင်းဆိုပေမယ့်
မိုးကာ ချပ်များရှုပ်ထွေးစွာပုံထားသည့်
အပေါ်မိမိ ရောက်နေခြင်းသာ
သက်သာလှတော့သည်။ဟင်! ထ ထိုင်လိုက်ပြီးမှ မိမိလက်တွေကော ခြေထောက်တွေကော လုံးဝလှုပ်လို့မရတော့ပေ။
ထို့ကြောင့် အကူညီများရလိုရငြား
အသံဖြင့်အော်ဟစ် လိုက်သည်။သို့သော်...........
တဝူးဝူး တဝါးဝါး တအီးအီး
ဆိုသောအသံတွေသာ
ထွက်ပေါ်လာခဲ့သည်။
ဘာကြောင့်လဲ?
မိမိစိတ်တွေထိတ်လန့်သည့်အထိ အရှိန်မြှင့်တက်လာခဲ့သည်
အလင်းရောင် မျှင်မျှင်များကြားမှ
အရာရာကို သဲကွဲအောင်မိမိ ရှာဖွေကြည့်နေမိသည်။
ဟုတ်ပေသားပဲ
မိမိလက်နှင့်ခြေထောက်ကို တင်းကြပ်စွာကြိုးများဖြင့်
တုပ်နှောင်ထားခြင်းခံ နေရသည်။
ပါးစပ် ကိုလဲ တိပ်ဖြင့် ပိတ်ထားခံနေရသည်
ဘာကြောင့်လဲ? ဘာလို့လဲ? ဘယ်သူတွေကမိမိကို ဒီလိုချုပ်နှောင်ထားတာလဲ?
မိမိကြောက်သည် မိမိမှာလွတ်မြှောက်ဖို့မျှော်လင့်ချက်
မရှိတော့ဘူးလား ဒီလိုချိန်မှာ
ဖေဖေနဲ့မေမေကို အရမ်းသတိရတာပဲ
ဖေဖေ....သားကိုကယ်ပါ
မေမေ....သားကိုပစ်ထားပါနဲ့နော်
ထိုစဉ်.............""ဂျိမ်း!!ကျွီ!!! ""
ဆိုသောအသံဖြင့် မိမိမျက်လုံးများအား
အလင်းတန်းများစူးကျလာသည်။
အမှောင် ထဲမှာ ခဏတာနေသားကျနေသောမိမိက
ရုတ်တရက် အလင်းရောင်စူးစူးကြောင့်
ဘာမှဝေးဝါးစွာမမြင်ရပဲ
မျက်စိများကျိန်းစက် သွားသည်။
သို့သော် တစ်ဖြည်းဖြည်းနှင့်ခြေသံများစွာဟာ
မိမိဆီသို့ဦးတည်ဝင်လာနေသည်ကို
တော့ကြားနေရသည်။
တဖြေးဖြေး တဖြေးဖြေး
လူရိပ်များဟာ မပီပြင်ဝိုးတဝါးကနေ
တစ်ဖြေးဖြေး လူရိပ်ကွဲလာခဲ့လေသည်။
ရှေ့ဆုံးလာသည့်လူက
မိမိရှိရာသို့တဖြေးဖြေးနှင့် လျှောက်လှမ်းလာလေသည်။
အနောက်က လူလေး ငါးယောက်ကတော့ ခပ်လှမ်းလှမ်းမှာရပ်ကျန်နေခဲ့
သယောင်
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...