Chapter(25)

2.9K 195 42
                                    


*ယိုင်နဲ့နဲ့ တံတားလေးပေါ်က
စကားပြောနေသော ကောင်လေးနှစ်ယောက်ကိုကြည့်၍
သူ တစ်မျိုးတစ်မည်ခံစားသွားရပြန်
သည်။
တကယ်တော့ တစ်ယောက်ရဲ့
နာကျင်မှုတွေကို တစ်ယောက်ကိုပြောပြရင်း ရင်ဖွင့်နိုင်သည့်သူ သူ့မှာမရှိရတာလဲ
သူကရော.....ဘာလို့ ထိုသူရဲ့ရင်ဖွင့်သံတွေကို နားထောင်ပေးတဲ့သူ
ဖြစ်ခွင့်မရခဲ့တာလဲ........
သူ့ ဘဝဆိုတာက ဘာရည်ရွယ်ချက်
ဘာအဓိပ္ပါယ်မှမရှိပဲ ဘယ်သူ့ကိုမှလဲ
ပျော်ရွှင်မှုတွေမပေးနိုင်သလို ဘယ်သူ့ဆီကမှလဲ အချစ်ခံခြင်းမရခဲ့တဲ့
လမ်းပေါ်မှာ အမြဲရန်ဖြစ်နေတတ်သော
ခပ်ဆိုးဆိုး ကောင်လေးဘဝနှင့်သာ
ဘဝကိုဖြတ်သန်းနေခဲ့တာပါလား*

"လူလေး ဘယ်ကပြန်လာတာလဲ"

အပြင်ဘက်မှ ပြန်လာသော သူ့ကို
သိုင်းဆရာကြီးမှ ဆီးကြိုလှမ်းမေးလိုက်သည်။

"ဟိုနားဒီနား လမ်းခဏလျှောက်ကြည့်တာပါ
ဆရာကြီး ကျနော့် ကိုဘာခိုင်းစရာရှိလို့လဲမသိဘူး"

"အေး အေး ခိုင်းစရာတော့မရှိပါဘူး
ကွယ် မနက်ဖြန် မြို့မ ဈေးသွားပြီး
လိုအပ်တာသွားဝယ်မလို့ သားလိုက်ခဲ့
ပါလား"

မြို့မ ဈေးဆိုတော့ သူ့ရဲ့နေအိမ်နှင့်သိပ်တော့မဝေးလှ
သို့ပေမယ့် သူအဲ့ဒီအိမ်ကို အရိပ်ပင်မနင်းချင်တော့သည့်အထိ
စိတ်နာနေမိသည်။ တစ်ဆက်တည်းရင်နာနာနှင့်ပင်
သူ့ မား တစ်ယောက်ဘယ်လိုနေထိုင်နေမည်
ဆိုတာကို စိတ်ပူနေမိပြန်သည်။

"ဘာဖြစ်လို့လဲ သား"

မျက်နှာညိုးသွားပြီးတွေဝေနေသောသူ့ကို ဆရာကြီးမှ ထပ်မံ မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ဆရာကြီးနဲ့ကျနော်လိုက်ပါ့မယ်"

"အင်း ကောင်းပြီ ဒီညစောစောအိပ်နော်သား
မနက်ကျစောစောသွားမယ်"

"ဟုတ်ကဲ့ ဆရာကြီး"

ဆရာကြီးမှာသူ့အား ပြုံးပြနှုတ်ဆက်ပြီး လက်လေးနောက်ပစ်ကာ
ထွက်သွားလေတော့သည်။
သူအိမ်ကထွက်လာတည်းက
ဆရာကြီးဆီမှာ နေထိုင်ခွင့်ပေးဖို့တောင်းဆိုခဲ့ခြင်းပင်
သိုင်းဆရာကြီးမှာလဲ သူ့ကို သံယောဇဉ် ရှိသောကြောင့် နေထိုင်ခွင့်ပြုခဲ့သည်။
ဆရာကြီးမှာ အသက်အရွယ်အားဖြင့်
၆၀ကျော်လောက်ရှိနေလေပြီ
သန်တုန်း မြန်တုန်း သိုင်းပညာကိုလဲ
ခုံမင်စွာကစားနေတုန်းပင်
ရှမ်းသိုင်းဆရာကြီးဖြစ်သောကြောင့်
ဆရာကြီး၏ ပေါင်နှစ်ဖက်လုံးမှာ
ထုံးကွင်းများဖြင့် ပြည့်နေလေသည်
ရင်ဘတ်နှင့်ကျော လက်မောင်းပါမကျန် ဆေးမှင်ကြောင်များအပြည့်
ဆရာကြီး၏ဆေးမှင်ကြောင်များမှာ
ပါဠိ အင်းကွက်တွေ အစီအရင်တွေက
ခပ်များများကြည့်ရတာ မရိုင်းပေ
သူကတော့ ဆရာကြီး၏ ဆေးမှင်ကြောင်တွေကို အရမ်းသဘောတာပဲဟု ဆရာကြီးအားပြောဖူးသည်
ဆရာကြီးကလဲ မင်းသာငါ့အမွေတွေဆက်ခံရင်
မင်းကို ဆရာကြီးတတ်ထားတဲ့ပညာတွေရော
ဆေးမှင်ကြောင်တွေကော အမွေပေးမည်ဟု ပြောခဲ့ဖူးသည်။
ယခုတဖြေးဖြေးအဲ့ဒီအချိန်ကိုရောက်လာတော့မည်။သို့ပေမယ့် သူ့အသက်၁၈နှစ်ပြည့်မှသာ
ပညာအမွေလွဲပေးမည်ဟုဆရာကြီးကပြောခဲ့သည်။
ဆရာကြီးနှင့်နေရတာသူပျော်သည်
အနည်းဆုံးတော့ ဆရာကြီးရဲ့ဝေယျာဝစ္စတွေလုပ်ကိုင်
ရင်း နှင့် ပညာပါသင်ခွင့်ရသောကြောင့်
သူ့ရဲ့ နာကျင်မှုတွေကိုတော့ခဏတာ
မေ့ပျောက်ပစ်နိုင်သည်။ ဒါပေမယ့်
သူဘယ်လောက်ပဲ ဝေးရာမှာပုန်းရှောင်နေခဲ့ပေမယ့်
သူတွေ့ချင်သောသူ အဆင်ပြေမပြေ
ကိုတော့ နေ့တိုင်း သူမရောက်ရောက်အောင်သွားကြည့်
နေမိသည်။ထိုသူ့ကိုလဲ စိတ်အနှောင့်ယှက်မပေးချင် ပေမယ့် စိတ်မချသောကြောင့် တိတ်တဆိတ် သွားကြည့်နေမိသည်။
ပါပါးကိုလဲသူတွေ့ချင်သည် ပါပါး
အိမ်ပြန်လာသောအချိန် သူနှင့် အွန်ခေးကိုသာမတွေ့ရင် ပါပါးစိတ်ပူမှာ အသေချာပင်။
ထို့ကြောင့် ဘာဖြစ်ဖြစ် မနက်ဖြန်
ဆရာကြီး နှင့် လိုက်သွားပြီး အိမ်သို့
သွားရန်သူဆုံးဖြတ်လိုက်တော့သည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now