Chapter (28)

2.6K 177 23
                                    


တစ်ရှိန်ထိုးမောင်နှင်လာသော
ဦးနေဝန်း ကားမှာ
တောင်ကြီး -မန္တလေး
အဝေးပြေးကား လမ်းမကြီးတွင်
တော့ တရိပ်ရိပ်နဲ့ ခုတ်မောင်းနေဆဲ...

အချိန်ကား ညနေစောင်းနေလေပြီ
ကျင်းဝမ်ဟုန် အကြပ်ကိုင်မှုကြောင့်
ဒီနေ့ည မိုးမလင်းခင်ထိသူအချိန်ရသေးသည်။
သို့ပေမယ့် နယ်စပ် ဝန်းကျင်တစ်လျှောက်ပိတ်ဆို့ထား
သောရဲများကိုသူက မည်သို့ လမ်းလွဲအောင်လုပ်နိုင်မည်နည်း။
ကျင်းဝမ်ဟုန် ဆိုသူမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်အထိ
သူနှင့် ပြိုင်ဘက် သူ့အား ကျရှုံးစေရန်
အမျိုးမျိုးသော ဥာဏ်နီဥာဏ်နက်ကို
အသုံးပြုခဲ့သူဖြစ်သည်။

တစ်ဖက်က ဒုရဲအုပ် အရာရှိ ××××ဆိုသူကလဲ သူ့ရဲ့ လွန်ခဲ့သော
နှစ်အနည်းငယ်က ရန်ညိုးရန်စရှိခဲ့သူ
သူနယ်သို့ပြောင်းရန်အမိန့်ကျ
ခဲ့သည်မှာ
ဦးနေဝန်း ၏လက်ချက်ပင်

ထိုစဉ် က ဦးနေဝန်း ဆိုသည်မှာ
ဂုဏ်ရှိန်နှင့် စီးပွားရေး လောကမှာ
နာမည်ကြီးသည့်အချိန် သူကလဲ
မှောင်ခို အမှုများကိုင်တွယ်နေသည့်အချိန် သူ့ရှေ့မှာဟန့်တားထားသော ခလုတ်ကတင်းမှန်သမျှ အမြစ်ပြတ်တဲ့အထိရှင်းပစ်တတ်သည့်သူ...
ထိုကြောင့် ဦးနေဝန်း မှာ ဤကဲ့သို့သော ရန်ငြိုးတွေပတ်လည်ဝိုင်းနေသည်။

ယခု ရဲအရာရှိ  အဖြစ် ရာထူးအပြည့်အဝနှင့် ပြန်ရောက်နေသော ××××ဟာ
ဦးနေဝန်း ကို ဖမ်းဖို့ သက်သေတွေ
စုစည်းထားနိုင်သည်။
ဦးနေဝန်း မှာ စီးပွားရေး သမားဖြစ်သည့်အလျောက် ဖြတ်ထိုးဥာဏ်ကြောင့် ယခုအချိန်
အောင်မြင်နေဆဲ သို့ကြောင့်
ကျင်းဝမ်ဟုန် လက်ထဲတွင်ရောက်နေသော
သူ့သားလေးအား ပြန်လည်ခေါ်ယူဖို့
တစ်ခုသာသူစီစဉ်နေတော့သည်။
ကျင်းဝမ်ဟုန် ရဲ့ကလေးဆန်လှသော
အစီအစဉ် တွေကလဲ ဦးနေဝန်း အတွက် ဟာသတစ်ခုလိုပင်

ကျင်းဝမ်ဟုန် ကို သူက ရဲတွေလက်ကနေလမ်းလွဲ သည့်အချိန်
ရဲတွေက ဦးနေဝန်း ကို ဖမ်းမိမယ်
သူက ဦးနေဝန်း သားကိုပါ ပြန်မလွှတ်ပဲ ဓားစာခံအဖြစ်
တစ်ခါ တည်း ခေါ်သွားလိမ့်မယ်
ဒါသူ့အကြံပဲ သူလဲလွှတ် သူ့ရန်သူဖြစ်သည့် ဦးနေဝန်း လဲအဖမ်းခဲ့ရမယ် ရဲတွေကလဲ
ဦးနေဝန်း ကို သက်သေမရှိလို့ သာ
မထိရဲသေးတာ ကျင်းဝမ်ဟုန် အကွက်အတိုင်းဆိုရင် ဦးနေဝန်း ကို
ဆွဲစိဖို့အဆင်သင့်ပဲ တကယ့်ကိုရိုးရှင်းသောအကွက်တွေ

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Donde viven las historias. Descúbrelo ahora