ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
တွင်ဖြစ်သည်....။"Hello!!!မစ္စတာ ဂျိန်း
ရောက်လာတဲ့အတွက်
ဝမ်းသာပါတယ်...''"OH!!!မလိုပါဘူး မစ္စတာ ဝန်း
အချိန်ပေးလာကြိုတဲ့အတွက်
ကျေးဇူးပါ...''လေဆိပ်တွင် ဦးနေဝန်းနှင့် မစ္စတာ ဂျိန်းတို့ ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက် ကာ စကားများဖောင်ဖွဲ့နေသည်။
ဦးနေဝန်း နှင့် အတူ သူ၏အတွင်းရေးမှူးကျော်ခိုင်လည်းလိုက်ပါလာသည်။ မစ္စတာ ဂျိန်းတို့
သားအဖကိုလာကြို ရန် မနေ့ကတည်းက ဦးနေဝန်း ရန်ကုန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
ရန်ကုန် သို့ ဦးနေဝန်းရောက်
နေသည်ကို နေဝန်းနီ မသိခဲ့ပေ။
ဦးနေဝန်း ကိုယ်တိုင်က တမင်မပြောခဲ့ခြင်းဖြစ်သည်။"မစ္စတာ ဝန်း ဒါက ဂျိန်းသော် နဲ့ မယ်ရီ လေ''
"မင်္ဂလာ ပါ အန်ကယ် ဝန်း''
"ကလေးတွေတောင်တော်တော်
ထွားလာကြပြီဘဲ အရင်တစ်ခေါက် တွေ့တုန်းက ကလေးလေးတွေ
အခု တော်တော်ချောပြီး
ထွားလာကြတာဘဲ''"ကျေးဇူးတင်ပါတယ် အန်ကယ်''
မောင်နှမ နှစ်ယောက်မှ ဦးနေဝန်းအား
ပြန်လည်နှုတ်ဆက်လိုက်သည်။
ထို့နောက် ဂျိန်းသော် သည် ဘေးဘီသို့်
ဝေ့ကြည့်၍ တစ်ခုခုကို ရှာဖွေနေသည်
ကို ဦးနေဝန်းမှ-"ဂျိန်းသော် တစ်ခုခုရှာနေတာလား"
"အော်... ဝန်း ပါမလာဘူးလားအန်ကယ်''
"ခဏနေ ရောက်လာလိမ့်မယ်
အမှန်တော့ မစ္စတာ ဂျိန်းတို့
လာမယ်ဆိုတာ ကြိုပြောမထားမိလို့
နည်းနည်းနောက်ကျနေတာပါ""အော်...ရပါတယ်အန်ကယ်ဝန်း
ဂျိန်းသော် ကဒီတိုင်းမေးကြည့်တာပါ""ဒါဆို မစ္စတာ ဂျိန်း တို့်
သွားကြရအောင် ''ဦးနေဝန်း ဦးဆောင်၍ မစ္စတာ ဂျိန်း
တို့သားအဖတို့ အားလေဆိပ်အပြင်သို့
ခေါ်ဆောင်လာခဲ့သည်။ အပြင်သို့ရောက်တော့
အဆင့်သင့် ထိုးရပ်လာသော
LC parado အမဲတစ်စီးကို
တွေ့လိုက်ရသည်။ ထို့နောက်ကား
တံခါးပွင့်လာပြီး နေကာမျက်မှန်
နှင့်လူငယ်တစ်ယောက်ဆင်းလာသည်။
YOU ARE READING
မြူရိပ် ဖုံးသော နှလုံးသား(Not Complete)
General Fiction"မင်းကိုချစ်နေလို့ ငါနာကျင်ရမယ်ဆိုရင် အဲ့ဒီနာကျင်မှုကိုပဲ ငါတစ် သက် လုံး ဖက်တွယ် သွားပါရစေ" #နေဝန်းနီ# "အချစ်ငတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်ကိုလိုလားတောင့်တနေတာအမှန်ပဲ ဒါပေမယ့် လိုလားစွာပေးလာတဲ့မင်းအချစ်ကို လက်ခံဖို့ ငါ့မှာသတ္တိမရှိခဲ့ဘူး" ...