Chapter(21)

3.5K 270 45
                                    


တောင်ကြီးမြို့ရဲ့ လုံးချင်းနှစ်ထပ်တိုက်အိမ်ကြီး
ထဲမှာ 'ဒေါ်နန်းခမ်း' ရဲ့ တရားဘာဝနာပွားများနေသည့်
အသံက ကျက်သရေ ရှိစွာ တစ်အိမ်လုံးကို လွှမ်းခြုံသွားလေသည်။

မနက်ခင်းမိုးသောက်ချိန် မှာ
နေ့စဉ်ပြုလုပ်နေကျ ဒေါ်နန်းခမ်း
ရဲ့အလုပ်ပင် ဘုရားပန်းကပ် သစ်သီး၊ဆွမ်းတော်၊သောက်တော်ရေချမ်း၊
ဆီမီးအမွှေးနံ့သာ များထွန်းညှိကာ
မနက်မိုးသောက် ၆နာရီ တိတိတွင်ပုံမှန်
လုပ်ဆောင်နေကျဖြစ်သည်။

မေတ္တာ ပို့ ပြီးသွားသော ဒေါ်နန်းခမ်း
မှာ တိတ်ဆိတ် စွာမျက်လုံးများမှိတ်ပြီး
ဆုတောင်းနေပုံရသည်။
၁၀မိနစ်လောက်ကြာတော့
မျက်လုံးဖွင့်လာကာ
ဘုရားကို ဦးသုံးကြိမ်ချလိုက်ကာ
ညင်သာစွာ ဘုရားခန်းမှ
ထွက်လာလိုက်သည်။

ဒီအချိန်ဆို ဦးနေဝန်း လည်း အိပ်ယာထ
ရေမိုးချိုးလို့ လုပ်ငန်းခွင်သို့ သွားရန်
ပြင်ဆင်နေသည့်အချိန်ပင်။

"ဘာ တွေ့ပြီဟုတ်လား?.........
ဘယ်မှာလဲ? .........
အေးအေး မင်းအဲ့မှာစောင့်နေငါလာခဲ့မယ်
နန်း ကိုလုံးဝမသိစေနဲ့နော်......"

"ဟင်!!!!!!"

နန်းကိုမသိစေနဲ့ဆိုသောစကားကြောင့်
ဒေါ်နန်းခမ်း အံ့သြ သွားသည်။
သူ့အား သူ့ခင်ပွန်းဖြစ်သူက
ဘာများ ဖုံးကွယ်ထားချင်နေတာလဲ
လုပ်ငန်းကိစ္စ အသေးအဖွဲကစ
တိုင်ပင်တတ်သည့်သူက
ဘာကြောင့် ယခုလို သူမအား
မသိစေချင်သော ကိစ္စ ရှိနေရသည်လဲ
ဦးနေဝန်း တစ်ဖက်ပြောပုံအရ
တစ်ခုခုကို ရှာတွေ့ သွားပြီဆိုတဲ့အကြောင်းသတင်းပို့
လာခြင်းအပေါ် သူမကိုမသိစေချင်သောအကြောင်းရာ
များကဘာများဖြစ်မည်နည်း.....?

ဧကန္တ....... သားလေး
သားလေးကိုများတွေ့ပြီလား
တကယ်လို့သားလေးကိုတွေ့ရင်
သူမကို ဖုံးကွယ်ထားစရာမှမလိုတာ
သူမသိအောင် ဝမ်းသာအားရနှင့်ပင်
သတင်းကောင်းအဖြစ်အသိပေးသင့်
သည်မဟုတ်ပေဘူးလား?

ဖုန်းပြောပြီး နောက် ဦနေဝန်း မှာ
ရေချိုးခန်းထဲသို့ ဝင်ရောက်သွား
လေပြီ။
အခန်းပေါက်ဝ ရှေ့တွင်ဒေါ်နန်းခမ်းရောက်နေမှန်း
သူသိပုံမရပေ။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now