chapter(37)

2.5K 177 27
                                    


လတ်ဆတ်သော မနက်ခင်း
လေနုအေးနှင့်အတူ နေရောင်ခြည်နွေးနွေးလေး
ကျရောက်လာသည်။

ကျွန်တော့်အရှေ့မှ တရွှေ့ရွှေ့ သွားနေသော  ကောင်လေး
တစ်ယောက်ရဲ့ ခြေလှမ်းများကို
ကဗျာတစ်ပုဒ်အလား
ကျွန်တော် ငေးကြည့်နေမိသည်။

သာမာန်ကောင်လေးတစ်ယောက်
လမ်းလျှောက်နေတာကို ကြည့်ပြီး
ကဗျာတွေ စာတွေဖွဲ့နေရ
လောက်အောင် ကျွန်တော်
မရူးသေးဘူးလို့တော့ထင်သည်။

ကျွန်တော့်ကဗျာလေးကို
ငေး ကောင်းနေစဉ်မှာပဲ ကျီးကန်းလို
တအားအား အသံနှင့် မြီးကောင်ပေါက်ကလေးမ
တစ်ယောက်ကဝင်နှောင့်ယှက်
လိုက်သည်။
စကားပြောဆိုနေပုံမှာ အွန်ခေးကို
သူ့လူဆိုသည့် မျက်နှာထားဖြင့်
မော်ကြွားနေသည်။
အွန်ခေးကို သူ့လာပို့သည့်
မုန့်ကိုမစားမှာစိုး၍ မျက်နှာက
အကယ်ဒမီရှော့ အိုက်တင်
ဒါတောင် မြီးကောင်ပေါက် အရွယ်ပဲရှိသေးသည်။ ကျွန်တော့်ကိုလည်း သူတောင်းစား
လို့တိုက်ရိုက်မပြောပဲ ပိုက်ဆံလိုက်တောင်းသည့်လူလား
ဆိုပြီး ရှုံ့ မဲ့ကြည့်၍ပြောသေးသည်။

ဘယ်လိုပဲပြောပြော ဒီအဓိပ္ပါယ်ပဲ
သက်ရောက်တာမို့ ကျွန်တော်မခံပါ။
သူ့ကိုပြန်ပြီးချေပလိုက်မိသည်။
စွာလန်ကျဲ မလေး ကျွန်တော့ညီမသာဆို ရိုက်သတ်
ပစ်မိမည်ထင်သည်။

မူယာမာယာကလည်း အများသား
သူ့ကိုကျွန်တော်စကားနှင့်ပင်
ချေပနေသည်ကို ချက်ခြင်းမျက်ရည်က ဘူးသီးလုံးလောက်ကျလာပြီး
အကယ်ဒမီရှော့ အထာနဲ့ အွန်ခေးကို
လှမ်းတိုင်ပါတော့သည်။

အွန်ခေးဆိုသော ကျွန်တော့် ဂျီကောင်လေး ကလည်း
အလွန်ပင်စိတ်ချရသည်။

ကျွန်တော်နှင့် ထိုကလေးမ အချေအတင် ဖြစ်နေတာကို မတ်တပ်ရပ်ပြီး ပြုံးကြည့်နေတာ
မသိရင် သူ့ကိုဖျော်ဖြေရေး လုပ်ပြနေသည်ဟုထင်နေပုံရသည်။

ထိုကလေးမ ငိုယိုပြီးသူ့ကိုတိုင်လိုက်မှ
ပျာပျာသလဲ စပ်စလူးမလေးကို
ချော့နေတော့သည်။ သူတို့နှစ်ယောက်
စကားပြောနေသည်ကို ကျွန်တော့်စိတ်ထဲ မနှစ်မြိုခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်
မူပိုင်လို့သတ်မှတ်ထားသောအရာက
တခြားသောသူတစ်ယောက်ကို
ယခုလိုနှစ်သိမ့်ပေးနေတာ ကျွန်တော်မခံစားနိုင်ပါ။ အွန်ခေးလဲ
ထိုစွာစိမလေးကို ဤမျှချော့မနေသင့်။
ထိုသို့ ချော့နေလျှင် ထိုကလေးမ ပို၍ရောင့်တက်သွားနိုင်သည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now