Chapter (31)

2.6K 225 60
                                    


"ဖေဖေ့ စိတ်ကြိုက်သားနေပေးခဲ့
ပြီးပြီလေ..."

ဧည့်ခန်း ထဲတွင် ထိုင်နေသော
ဦးနေဝန်း ၏ ဘေးနားမှ
သူ့ဇနီး ကတော့ ခင်ပွန်းမျက်နှာတစ်လှည့်
သားမျက်နှာတစ်လှည့် ကြည့်ပြီး
သားအဖ ၂ယောက်ရဲ့ ခွန်းကြီး
ခွန်းငယ် စကားများကြားတွင်
စိုးရိမ်ကြောင့်ကြနေသည်။

"မင်းရဲ့ လွတ်လပ်ခွင့်ကို ဖေဖေပိတ်ပင်နေတာမဟုတ်ဘူးသား
မင်းရဲ့ ထင်ရာစိုင်း မှုတွေကြောင့်
ဘာတွေဖြစ်ခဲ့လဲ မင်းမေ့နေလား..."

"ဒါပေမယ့် ကြာခဲ့ပြီလေ ဖေဖေ
အဲ့ကိစ္စကြောင့်နဲ့ပဲ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ပဲ
ကျွန်တော်၃နှစ်လောက်နေခဲ့
ပြီးပြီအခုကျွန်တော် မြန်မာပြည်ကိုပြန်ရောက်
တုန်းလေး ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ......
၃ လ အတွင်း ပါပဲ
ပြီးရင် ဖေဖေ့ရဲ့အစီအစဉ်အတိုင်း
ဟိုမှာ ကျောင်းသေချာတက်ပါ့မယ်..."

"ဟုတ်သားပဲ ကို ရယ်
သားလေးကို ခွင့်ပြုလိုက်ပါ
သားကလူငယ်ပါ ပြီးတော့ အရွယ်ရောက်နေပါပြီ....
သားကိုခွင့်ပြုပေးလိုက်ပါနော်..."

မေမေလေး ကပါ သူ့ဘက်ကဝင်ပြောပေးသောကြောင့်
ဖေဖေ စိတ်လျှော့သွားသည်။
ဒီဆန္ဒလေးတော့ဖေဖေခွင့်ပြုသင့်သည်လေ ဖေဖေ့ စိတ်ကြိုက်သူနေလာခဲ့
ပြီးပြီ မိမိသူငယ်ချင်းနဲ့ မိမိချစ်ရသောသူကို ရင်နာနာနဲ့ ပဲ
အဆက်သွယ်ဖြတ်နေခဲ့တာလေ။

"ဒါဆို မင်းရန်ကုန် မှာ နေချင်တယ်ဆို ငါစီစဉ်ပေးမယ်..."

"ဘာလဲ ဖေဖေ့လူတွေကို စောင့်ကြည့်ခိုင်းအုံးမှာလား...
ကျနော် လွတ်လွတ်လပ်လပ် နေချင်တယ် ဖေဖေ ကျနော်တောင်းဆိုနေတာ...."

"ဒါဆိုမင်း အဖေ့ကို ကတိပေး
မင်း ဒီသုံးလအတွင်းမှာ ဘာပြသနာမှ
မဖြစ်အောင်နေရမယ်...
ပြီးတော့ မင်းနေထိုင်ရေးအတွက်တော့
ငါ့အစီအစဉ်တိုင်းပဲ...စိတ်ချ ငါ့လူတွေကိုစောင့်မကြည့်ခိုင်းဘူး.."

"ဟုတ်ကဲ့....
ကျွန်တော်ကတိပေးတယ်"

ဖေဖေ့အကြောင်းကိုသိနေသည်မို့
သူလဲ ဘာမှ တုံ့ဆိုင်းမနေပဲ ကတိတစ်လုံးကိုချက်ခြင်းပေးလိုက်
သည်။ သူမယုံပါ ဖေဖေသူ့လူတွေကိုစောင့်မကြည့်ခိုင်းဘူးဆိုတာကို မိမိ ၉ တန်း ကနေ ၁၀တန်းထိ ဘော်ဒါ မှာနေခဲ့ရတာတောင် အပြင်မှာသူ့လူတွေစောင့်ကြည့်တာ
မိမိခံခဲ့ရတာပဲ။
စာသင်နှစ် ၁နှစ် ကျော်
လုံးလုံး ဖေဖေ့ရဲ့ အုပ်စိုး မှုအောက်မှာသာ နေခဲ့ရသည်။
သို့ပေမယ့် ကျွန်တော်ဆိုသော
နေဝန်းနီ က ကိုယ့်ကိုချုပ်တည်းတာတွေ လုံးဝမကြိုက် လူဆိုတဲ့အမျိုးက
ချုပ်ချယ် လေ ပိုလွတ်လပ်ချင်လေ
ဆိုတဲ့အမျိုး ကျွန်တော်ကတော့ အဲ့ထက်ပိုဆိုးလိမ့်မည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now