Chapter(33)

2.6K 232 53
                                    


ရန်ကုန်မိုးကတော့ အငြိုးကြီးကြီးနဲ့
ရွာသွန်းမြဲ ရွာနေဆဲပါပဲ။
မိုးချုပ်စပြုလာသောအချိန်ဖြစ်သည့်အလျောက် မိုးများသည်းမည်းကာ
ရွာချလိုက်ခြင်းကြောင့် မှောင်အတိဖြစ်သွားတော့သည်။

ဒီလိုမိုးသည်းထဲမှာ လမ်းလျှောက်ရတဲ့
ခံစားချက်ကလေ အထီးကျန်သလိုလို
အားငယ်နေသလိုလို မိုးရေထဲမှာကိုယ်တစ်ယောက်ပဲ
ရှိနေသလိုလို တစ်ခုခုလွမ်းဆွေးစေသလို ခံစားချက်များဖြစ်စေလိမ့်မည်။

သို့သော်ကျွန်တော့်အတွက်ကတော့
စိတ်ရှုပ်စရာ စိတ်ညစ်စရာဖြစ်စေခဲ့သည်။

မိုးရေထဲမှာ ခံစားချက်လေးနဲ့ကဗျာဆန်ဆန်
မတွေးတတ်လေသော ကျွန်တော့်ရဲ့စိတ်ကြောင့်လား...

ကျွန်တော့်ရဲ့ ဂေါက်ထီးကြီးမှာလဲ
သူနှင့်တိုက်မိခဲ့တုန်းက ထီးကိုခြေထောက်ဖြင့် တက်နင်းမိသဖြင့် အေးချမ်းမေ ဖြစ်သွားလေခဲ့ပြီ။

ကျွန်တော်ကတော့ မိုးရေစိုတာကို
အမြန်ဖြေရှင်းဖို့ ခပ်သွက်သွက်မပြေးရုံတမယ် လျှောက်လှမ်း နေခဲ့သလောက်
နောက်ကပါလာသော
ကိုယ်တော်ကတော့ ကျွန်တော်နှင့် ဆန့်ကျင်စွာ မိုးရေထဲမှာ ကဗျာဆန်ဆန် အတွေးများနှင့်လျှောက်လှမ်းနေပုံရ
သည်။ သူ့ခြေလှမ်းများက အေးအေးဆေးဆေး ဖြင့်ခြေတစ်လှမ်းတိုင်းမှာ ကဗျာတစ်ပုဒ်ရေးစပ်နေသလား
အောက်မေ့ရသလောက်ပင်။

မိမိစိတ်မရှည်တော့....

"အေး...မင်းဒီလိုပြုံးဖြီးပြီးမိုးရေထဲမှာပဲနေခဲ့တော့.."

သူ့ရှေ့သို့ ခြေ၅လှမ်းစာလောက် ရောက်နေသော မိမိ မှာ သူ့ကို စောင့်
၍ ခေါ်ရခြင်းကို စိတ်မရှည်နိုင်တော့ပေ။
တစ်ကယ်ဆို သူ့မှာ ခြေတံရှည်ရှည်
ခြေထောက်တွေရှိနေတာပဲ ဘာလို့ခပ်သွက်သွက်မလျှောက်လဲ
တမင်တကာ ကို မိုးရေထဲ ဇိမ်ခံလျှောက်နေသလိုကြီးနဲ့

"ဘာဖြစ်လို့လဲကွာ မိုးရွာတော့လမ်းတွေချော်တယ်လေ
ချော်လဲမယ် ဖြေးဖြေးလျှောက်စမ်းပါ
မင်းအိမ်ကထွက်မပြေးပါဘူး"

နေပါလေ့စေ သူ့ကိုဒီတိုင်းထားခဲ့မယ်
မိမိလဲ သူ့စကားကို ဥပေက္ခာ ပြုရင်း
အရှိန်မြင့်၍ ပြေးလိုက်သည်။

မြူရိပ် ဖုံးသော နှလုံးသား(Not Complete)Where stories live. Discover now