Ep - 1

15.9K 643 32
                                    


"ရန်​ကုန်​စီးပွား​ရေးတက္ကသိုလ်​မှ ​မောင်​မယ်​သစ်​လွင်​များအား လှိုက်​လှဲစွာကြိုဆိုပါ၏"

ကျောင်းအဝင်​ဝမှာ ဗီနိုင်းထုတ်​ပြီးချိတ်​ထားတဲ့စာတန်းတစ်​ခု၊ ဘယ်​ညာတစ်​ဖက်​စီမှာ "ရန်​ကုန်​စီးပွား​ရေးတက္ကသိုလ်​"ဆိုတဲ့နာမည်​ကို မြန်​မာလိုတစ်​ဖက်​ အင်္ဂလိပ်​လိုတစ်​ဖက်​​ရေးထားတဲ့အုတ်​နံရံ။

ကျောင်းမုခ်​ဦးကိုအလှဆင်​ထားတာကဒီ​လောက်​ပဲ။

ကျောင်း​ပေါက်​ဝမှာရပ်​ပြီး ဘယ်​ဘက်​ကြည့့်​မလား? ညာဘက်​ကြည့်​မလား?
လမ်းတစ်​​လျှောက်​မြင်​ကွင်း​တွေ ကြည့်​မလား?
လယ်​ကွင်း​တွေကလွဲပီး ဘာမှမရှိ။

"Shit! ​တော်​​တော်​​ချောင်​ကျတဲ့​နေရာ"

ဘုန်းမာန်ဝင့် မျက်နှာရှုံ့တွကာညည်းလိုက်မိစဉ်မှာပင် ဖုန်​နံ့ပါသောလေပူတစ်​ချို့က သူ့ခန္ဓာကိုယ်​ကို ဖြတ်​တိုက်​သွားသည်။

" ချီးလိုပဲ.. gelနဲ့​သေချာပုံသွင်းလာတဲ့ ငါ့ရဲ့Mario hair style​လေး​တော့ ပဲ့ပါပြီ"

ဟင်း ... ဒီတိုင်းကြာကြာရပ်​​နေလို့မဖြစ်

အနက်​​ရောင်​ကချင်​လွယ်​အိတ်​ထဲကဖုန်းကိုထုတ်​ပြီး screen​ပေါ်မှာလက်​​ချောင်း​တွေကစားလိုက်​သည်။ ပြီး​တော့ နားနားကပ်​ပြီး တစ်​ဖက်​ကအသံကိုနား​ထောင်​​နေလိုက်​သည်။

📱 တူ ... တူ ... တူ ... တူ ... Hello ဘုန်းမာန်​ .. ​ပြော​လေ။

"​ဟေ့​ကောင်​ ငါ​ရောက်​​နေတာကြာလှပြီ။ မင်းကခုချိန်​ထိမ​ရောက်​နိုင်​​သေးဘူးလား။ ချီးလိုပဲ ... မင့်​​ကျောင်းကလည်း​ခေါင်​ခိုက်​​နေလိုက်​တာမှ ငါ့အိမ်​က​နေဒီ​ရောက်​ဖို့ ၃နာရီ​လောက်​ကြာတယ်​။ ​တက္ကသိုလ်​သာ​ပြောတယ်​ ... လယ်​ကွင်းကလွဲပြီးဘာမှမရှိဘူး။ ​စောက်​​လေပူ​တွေကလည်း ဘာတိုက်​သလဲမ​မေးနဲ့။ ​နေကလည်း​သေမလိုပူတယ်​။ မင်းကိုရပ်​​စောင့်​​နေရတဲ့အချိန်​အတွင်းမှာ ငါ့အသား​တွေဘယ်​​လောက်​​တောင်​မည်းသွားလဲ မင်းသိလား ဟမ်​!!! "

📱 ​ဟျောင့်​ ဘုန်းမာန်​။ မင်းကိုဘယ်​သူက ဒီ​ကျောင်းမှာအတင်းလာတက်​ခိုင်း​နေလို့လဲ၊ ဟမ်​!!!! မင့်​ဘာမင်းတက်​ချင်​လှပါချည်​ရဲ့ဆိုပြီး AUSမှာ​တောင်​သွားမတက်​ပဲ​ရွေးထားတဲ့​ကျောင်း​လေ။ အ​ကောင်းမမြင်​ဘူးဆိုရင်​​တောင်​ အဲ့လိုကြီး​တော့မ​ပြောသင့့်​ဘူးကွ! နားလည်​လား!!! မင်းအဲ့​လောက်​​တောင်​သ​ဘောမကျဖြစ်​​နေရင်​ ဘာလို့လာတက်​​နေ​ဦးမှာလဲ။ မင်းအ​ဖေရှိတဲ့AUSမှာပဲ ​ကျောင်းသွားတက်​​တော့​ပေါ့

The Place where Love exists 💙(Completed)Where stories live. Discover now