As U Like (Ep 5)

35.3K 411 26
                                    


ရှင်းပိုင်​ထွက်​သွားခဲ့တာ ၂ပတ်​ရှိပြီ......

မေ​မေ​ပြောတဲ့အတိုင်းပါပဲ ရှင်းပိုင်​အိမ်​​ပြောင်းသွားခဲ့တယ်

အဟက်​ ရတုတော့မသိလိုက်​ရဘူး​လေ

ရတု​ဘာဆိုဘာမှမသိလိုက်​ရပါဘူး

နောက်​ဆုံး သူတို့ဘယ်​အချိန်​အိမ်​​ပြောင်းသွားတယ်​ဆိုတာကအစ  ရတု​မသိလိုက်​ရပါဘူး

သို့​ပေမယ့်​~~~~~

"​မေ​​မေ သား ​ကျောင်းသွား​တော့မယ်​ "

"​သြော်​ သား​လေး သွား​လေ 😄 ဒါနဲ့ ​ရှင်းပိုင်​​တို့က ဒီ​နေ့ည​နေ အိမ်​လာလည်​မယ်​တဲ့ "

"ဗျာ "

"သားကလ​ည်းလေ  နားလည်​ရဲ့သားနဲ့ အူ​ကြောင်​​ကြောင်​လုပ်​​နေပြန်​ပြီ 😒"

မေ​မေ့မျက်​​စောင်းလှလှ​လေး ရတု့ဆီလွှင့်​လာ​တော့
ရတု ရဲ့ရဲ့​လေးပြုံးပြလိုက်​သည်​။

ရှင်းပိုင်​ ........... ရတုဆီကထွက်​သွားပြီးထဲက ရတု မျက်​နှာမှာ အပြုံးတချို့​ပျောက်​ကွယ်​သွားခဲ့သည်​။

"ကဲကဲ ပြုံးမ​နေနဲ့ ​ကျောင်း​နောက်​ကျ​တော့မယ်​သွား​တော့ "

"ဟုတ်​ကဲ့ ​မေ​မေ "

~~~ကလင်​ ကလင်​ ကလင်​~~~

စက်​ဘီး ဘဲလ်​တီးသံ​လေး​ကြောင့်​ အိမ်​​ရှေ့​ကိုအ​မောတ​ကော ထွက်​ကြည့်​မိ​တော့ ရတု​မျှော်​လင့်​ထားသလို~~~ ရှင်းပိုင်​ဖြစ်​​နေခဲ့သည်

၂ပတ်​တိတိရူးမတတ်​လွမ်းခဲ့ရ​သော

သူ့အကြည့်
သူ့ဟန်
သူ့အပြုံး
သူ့နှုတ်​ခမ်း
သူပိုင်​ဆိုင်​သမျှအရာအားလုံး

ဒါတွေအားလုံးကို မျက်​မြင်​​တွေ့လိုက်​ရ​တော့ ​ခြေ​ထောက်​​တွေ​တောင်​ သိပ်​မခိုင်​ချင်​ဖြစ်​သွားခဲ့သည်​အထိ ရတု ရူးသွပ်​သွားမိသည်

"ဘာလုပ်​​နေတာလဲ ရတု မင်းဒီ​နေ့​ကျောင်းမသွား​တော့ဘူးလား 😊"

"......."

" ရတု မင်းမြန်​မြန်​မလာရင်​ငါတို့​နောက်​ကျလိမ့်​မယ်​လို့ငါထင်​တယ်​ 😌"

As U Like (Complete)Where stories live. Discover now