As U Like (Ep 12.1)

3.8K 160 9
                                        

"မလာဘူး.. ငါမင်းဆီ လုံးဝပြန်​မလာဘူး"

အေးစက်​​နေတဲ့မျက်​လုံး​တွေက ရှင်းပိုင်​ စ​နေတာမဟုတ်​​ကြောင်းကို အတိအလင်း​ဖော်​ပြ​နေသည်

သို့​သော်​လည်း ရတု ကြိတ်​မှိတ်​ပြီး ရှင်းပိုင်​ စ​နေတာလို့ပဲ ယူဆလိုက်​သည်

"သား.. စိတ်​မကြီးပါနဲ့ကွာ ​ဖေ​ဖေ​ပြောတာကို နား​ထောင်​ပါဦး"

"​ကျောင်းပိတ်​ဖို့က ၂လခွဲပဲ ကျန်​​တော့တယ်​ ​ဖေ​ဖေ.. ဘွားဘွားကိုကြို​ပြောထားလိုက်​ပါ.. သားလာခဲ့မယ်​လို့..."

ဦးကိုတချက်​​လေး​တောင်​မကြည့်​ပဲ ရတုကိုပဲ ကြည့်​ကာ ​ပြော​နေသည့်​ ရှင်းပိုင်​..

*သားလာခဲ့မယ်​* ဆိုတဲ့စကားမှာ ရတု ​တောင့်​တင်းသွားသည်

ဘာမှလဲ ပြန်​မ​ပြောနိုင်​​တော့ .. ဘာပြန်​​ပြောရမယ်​ဆိုတာလဲ မသိ​တော့

ပြောချင်​ရာ​ပြောပြီး ရှင်းပိုင်​က​တော့ အိမ်​​ပေါ်ပြန်​တက်​သွား​လေပြီ

ရတုမှာ​တော့ ရှင်းပိုင်​​နောက်​ကို​ပြေးလိုက်​ကာ အ​ကျိုးအ​ကြောင်း​မေးချင်​​ပေမယ့်​ ​အား​ပျော့​နေတဲ့​ခြေ​ထောက်​​တွေနဲ့.. ရုပ်​ပျက်ဆင်းပျက်​မသွားချင်​တာမို့ .. ငြိမ်​ငြိမ်​​လေးသာထိုင်​​နေရသည်

"ကဲ.. ရှင်းပိုင်​ကလဲ သ​ဘောတူသွားပြီဆို​တော့ ဒီကိစ္စအဆင်​​ပြေသွားပြီ​ပေါ့ "

"သားသ​ဘောတူသွားတာ​ကောင်း​ပေမယ့်​ သူစိတ်​ဆင်းရဲ​နေတာ မြင်​ရ​တော့ စိတ်​မ​ကောင်းဘူး ဗျာ "

"က​လေးဆိုတာ အဲ့လိုပါပဲ.. အစမို့လို့ပါ ​နောက်​ဆို သူ​နေသားကျသွားမှာပါ"

"ရတု..."

"ဗျာ"

အားတငိးပြီးထူးလိုက်​​သော်​လည်း အားကမပါလှ

"မင်းသူငယ်​ချင်းကို​သေချာ​ဖြောင်းဖြ​ပေးပါ​နော်​..  မင်း​ပြောရင်​ရမှာပါ .. ဦးကိုကူညီမယ်​မှတ်​လား ရတု"

*ကူညီစရာမှမလို​တော့တာ ဦးရယ်​.. သူ့​ဟာသူ​ရွေးချယ်​ပြီး​နေပြီ​လေ*

As U Like (Complete)Where stories live. Discover now