As U Like(Ep 15)

4.8K 181 31
                                        

ဘယ်ကြည့်ကြည့်လယ်ကွင်းတွေသာတွေ့ရတဲ့ ပတ်ဝန်းကျင်ကို စိုက်ကြည့်ရင် ရတု စိတ်ပျက်နေမိသည်

ဒါကဘယ်နေရာမှန်းလဲ ရတုမသိ..
ဘယ်လိုရောက်လာလဲ လဲ  ရတုမသိ..

ရတု သိတာတခုက ဖေဖေနဲ့မေမေက ရတုကို သတ်တော့မည်ဆိုတာပဲရတုသိသည်..  မိဘစကားကိုမဖယ်ရှားတဲ့
သားလိမ်မာက မင်္ဂလာဦး ညမှာ ယောကျာ်းတယောက်နောက်ကိုခိုးရာလိုက်ပြေးလာတယ်တဲ့လား

ရှေးရိုးစွဲနေတဲ့မိဘနှစ်ပါးမို့ ဒီကိစ္စကိုဘယ်လိုမှလက်မခံမှန်း ရတုသိသည်

အိမ်ရှေ့မှာ ထိုင်နေတုန်း..  သတင်းစာပို့သမားက သတင်းစားလှမ်းပစ်သွားတာမို့ သွားကောက်ကာ ဖတ်မလို့ရှိသေးသည်

ရှင်းပိုင်က ဘယ်ကမှန်းမသိထွက်လာကာ သတင်းစာကိုအရင်ကောက်ယူသွားလေပြီ

ရှင်းပိုင်နဲ့ရတု တအိမ်ထဲမှာနေနေရတာ ၃ရက်လောက်ရှိပြီးဖြစ်ပေမယ့် စကားသေချာမပြောကြရသေး

ရတုကိုယ်တိုင်ကလဲ ဟိုနေ့ညက ကိစ္စကိုရှက်နေသေးတာမို့ ရှင်းပိုင်နဲ့မျက်နှာချင်းမဆိုင်

ရှင်းပိုင်ကလဲ အတင်းလိုက်မခေါ်

အခုလဲ သတင်းစာကိုသာယူသွားတယ် ရတုကိုတချက်မကြည့်သွား

အိမ်ကလူတွေအခြေအနေကိုသိချင်လို့ Phoneလှမ်းဆက်ပေမယ့် ရတုphoneကို မကိုင်ကြတာမို့လို့ ရတု ဘာအခြေအနေမှမသိရ

ရှင်းပိုင်ကလဲ ရန်ကုန်ကလူတွေနဲ့အဆက်အသွယ်ရှိပေမယ့် ရတုကိုဘာမှမပြောပြ

"ရတုဆက်"

"ဟင်"

အိမ်ထဲကပြန်ထွက်လာကာ အပြင်သွားဖို့ပြင်နေတဲ့ ရှင်းပိုင်ဆီက ခေါ်သံကြားတော့ ရန်ကုန်များပြန်ပို့တော့မလားဆိုတဲ့စိတ်နဲ့ ရှင်းပိုင်အနားကိုရတု အပြေးလေးသွားလိုက်သည်

"ငါတို့ကလက်မှတ်ထိုးလို့မရဘူး"

"ဘာလက်မှတ်?"

"လက်ထပ်စာချုပ်"

"လက်မှတ်ထိုးစရာမှမလိုတာ ငါတို့ကတကယ်ခိုးပြေးခဲ့ကြတာမဟုတ်ဘူးလေ.. အိမ်ကိုပြန်ပြီးသေချာရှင်းပြလိုက်ရင် ရတာပဲလေ..  ငါတို့်ကယောကျာ်းလေးတွေလေ ထိခိုက်တာမှမရှိတာ.."

"ရတုဆက်"

"ငါပြောတာ ဘာများမှားလို့်လဲ... ဘာလဲ မင်းကငါ့ကိုလိုချင်သေးတယ်လား.. မင်းဘာတွေအထင်မှားနေတာလဲရှင်းပိုင်
အဲ့နေ့ညက မင်းနဲ့အတူရှိခဲ့တယ်ဆိုတာ မင်းကိုချစ်လို့မဟုတ်ဘူး... ငါမူးနေခဲ့လို့..."

"ဘာ"

"ဟုတ်တယ် ငါမူးနေခဲ့လို့ မင်းနဲ့အတူရှိနေခဲ့တာ"

"မူးနေခဲ့လို့ မှားခဲ့တာကိုလက်မခံဘူးဆိုတော့ မမူးတဲ့အချိန်မှာ မှားရင်တော့လက်ခံမှာပေါ့"

"ရှင်းပိုင် ငါပြောခဲ့တာ ဘာအဓိပ္ပါယ်လဲ မင်းနားလည်ပါတယ်..  မင်း မငြင်းပါနဲ့"

ရှင်းပိုင် ရတုလက်ကိုဆွဲကာ အိမ်ပေါ်တက်ကိုအလောတကြီးတက်သွားလိုက်သည်... ထို့နောက်.. ပထမဆုံးမှားခဲ့ဖူးသည့် အခန်းထဲကိုဝင်လိုက်ကာ တံခါးပြန်ပိတ်လိုက်သည်

"ပြန်ပြောလိုက် မင်းငါ့ကိုမချစ်ဘူးလို့"

"ရှင်းပိုင် ငါ့ကိုရန်ကုန်ပြန်ပို့ပေးပါ.. မင်းငါ့ဆီကဘာလိုချင်လဲ လိုချင်သမျှအကုန်ယူ ပြီးရင် ငါ့ကိုလွတ်လပ်ခွင့်ပေး"

"မင်းကိုငါ အချုပ်အနှောင်နဲ့ထားဖူးလို့လား"

"မင်း ငါ့ကိုတသက်လုံးချုပ်နှောင်လာတာပဲလေ.. မင်းကတိတွေအထပ်ထပ်ပေးပြီးချုပ်နှောင်ထားခဲ့တာ  .... မင်းပေးခဲ့တဲ့ကတိတွေထဲမှာ ငါပိတ်မိနေခဲ့တာ.. အခုမှ ငါထွက်သွားတော့မယ်လို့စဉ်းစားနေတာကို မင်းက ဘာလို့ပြန်ပေါ်လာရတာလဲ
မင်းကမကောင်းတဲ့ကောင် မင်းကိုငါ မုန်းတယ် မမြင်ချင်ဘူး
အမြဲတမ်း ငါ့ကိုတယောက်ထဲထားသွားတယ်... 😭"

ရတုပြောရင်းနဲ့ငိုမိတော့ ရှင်းပိုင် စိတ်မကောင်း..
သို့ပေမယ့် ဒီအချိန်မှာလျှော့ပေးလိုက်ရင် ရတုကို လက်လွတ်မှာစိုးလို့ ရတုငိုနေတဲ့အချိန်အတွင်း Phoneကို ဖွင့်ကာ စားပွဲဘေးက ကုတင်ပေါ်တင်လိုက်ပြီး Video ရိုက်ထားလိုက်သည်

ထို့နောက်.....

"ရတု.. ငါမင်းကိုချစ်တယ် ငါမလိမ်ခဲ့ဘူး ငါတကယ်ချစ်ခဲ့တာ"

ရတုကိုယ်လေးကို ကုတင်ပေါ်လှဲချလိုက်ရင်း... အဝတ်အစားတွေချွတ်ပေးလိုက်ကာ....

                         ဖလက်.....
(မီးပျက်သွားပြီ😰)

😀😀😀😀😀😀😀😀😀
မီးပြန်လာသင့်မလာသင့်...

Readerလေးတွေရဲ့အဖြေက😰😰😰

As U Like (Complete)Donde viven las historias. Descúbrelo ahora