ကလောင် ~~ ကလောင်~~ ကလောင်~~
မုန့်စားကျောင်းဆင်းချိန် ခေါင်းလောင်းထိုးသံသည်
ကျောင်းသားဘဝတွင်အကြားချင်ဆုံး ဒုတိယအသံ
ပထမကတော့ ကျောင်းဆင်း ခေါင်းလောင်းသံအခုလဲ မုန့်စားကျောင်းဆင်းချိန် ခေါင်းလောင်းသံ ထွက်ပေါ်လာတော့ စောစောက အနည်းငယ်တိတ်နေတဲ့ကျောင်းကြီးက ဆူညံပူညံဖြစ်လာလေပြီ
"ရတု စတော်ဘယ်ရီသီး ပြန်ထုတ်ပေး "
ဘေးကနေ ခဏတောင်မစောင့်နိုင်တဲ့ ရှင်းပိုင်ကို ဟိုမိန်းကလေးပေးသွားတဲ့ ထမင်းဘူးအား ဆောင့်အောင့်ပြီးထုတ်ပေးလိုက်သည်
စတော်ဘယ်ရီသီးတွေကိုတွေ့တော့ ရုပ်က တမျိုး
စောစောကတုန်းက ရုပ်ကတမျိုး"ငါ ဒါတွေဘယ်လိုရလဲ မင်းမမေးတော့ဘူးလား"
"အိမ်ကယူလာတာ မဟုတ်ဘူးလား "
စတော်ဘယ်ရီသီးတွေကို နောက်အတန်းအား မျှဝေရေးလုပ်နေတဲ့ရှင်းပိုင်က အေးဆေးပင်ဖြေသည်
"မဟုတ်ဘူး"
"ဘယ်ကရတာလဲက အရေးကြီးလို့လား စားရဖို့ကအရေးကြီးတာ မဟုတ်ဘူးလား "
"မင်း မေမေ့ကို စတော်ဘယ်ရီသီး လာပို့ပါလို့မှာထားသေးလား"
"မမှာပါဘူး .. ဘာလဲ အန်တီလာပို့သွားတာမို့လို့လား "
"ဟင့်အင်း မဟုတ်ပါဘူး "
"အဲ့တာဆို ဝယ်လာတာလား"
"လမ်းထိပ်ကကောင်မလေး လာပေးသွားတာ"
တချိန်လုံး လှည့်တောင်မကြည့်တဲ့ကိုယ်တော်က လမ်းထိပ်ကကောင်မလေးဆိုတဲ့အသံကြားတာနဲ့ ချက်ချင်း ရတုဘက်လှည့်လာသည်
*မင်း တကယ် စိတ်ဝင်စားနေတာလား ရှင်းပိုင်*
"သူက မင်းဆီဘယ်တုန်းကလာသွားတာလဲ ငါမင်းအနားမှာ အချိန်လုံးရှိနေတဲ့ဟာကို "
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်