As U Like(Ep 12.2)

3.8K 190 12
                                        

မနမ်းတတ်​နမ်းတတ်​နဲ့ ဟိုတို့လိုက်​ဒီထိလိုက်​လုပ်​​နေတဲ့ ရတုကို .. ရှင်းပိုင်​ အသဲယားကာ ဖျစ်​ညှစ်​ပစ်​ချင်​​သော်​လည်း
ဒီအတိုင်းလွှတ်​ထားလိုက်​သည်​ .

ဟုတ်​သည်​​လေ .. ရှင်းပိုင်​က မလိုက်​နိုင်​ပါဘူးလို့အပြတ်​ငြင်းထားတဲ့ဟာကို သူက​ဖျောင်းဖျဦးမည်​တဲ့😒

ရူး​နေတာလားမသိ..

စိတ်​တိုတိုနဲ့ ပြဿနာရှာ​ပေး​တော့ ​ပျော့ကျသွားတာများ.. သနားစရာ

*ရတုရယ်​ မကြည့်​ရက်​လို့ပါကွာ* လို့​ပြောကာ ​ပြေးဖက်​ချင်​​ပေမယ့်​လဲ .. ဝမ်းနည်း​နေတဲ့ပုံစံ​လေးက ချစ်​စရာ​ကောင်းလွန်းတာမို့ .. ​နောက်​မှပြန်​​ချော့မယ်​ဆိုပြီး ​ဒီအတိုင်းကြည့်​​နေမိ​တော့သည်

အခန်းထဲဝင်​လာ​တော့လဲ ကုပ်​ကုပ်​ကုပ်​ကုပ်​နဲ့..
ကိုယ့်​ဟာကို အပြင်​မှာအဝတ်​​တွေပွ​နေလို့ အိတ်​ထဲ ပြန်​ထည့်​​နေတာကို လာ​မေးတာက အချိုးမ​ပြေ 😒

ရွဲ့ပြီး​ဖြေ​တော့လဲ .. ထစ်​ထစ်​အအနဲ့ပြန်​​ပြောရှာတယ်​ ချစ်​သူ​တွေတဲ့..

ဒီက​ကောင်​က သူအဲ့လို​ပြောလိုက်​​တော့ ၁၀​ခေါက်​​လောက်​ကျွမ်းကြီးပဲ ​ပြေးထိုးပစ်​လိုက်​ချင်​တာ

သို့​ပေမယ့်​လဲ သူက​အောက်​ထပ်​မှာတုန်းက တဟုတ်​ထဲဟုတ်​လာတယ်​ မှတ်​လား.. အဲ့​တော့ ကိုယ်​လဲ တဘူးထဲဘူးရမယ်

သူက ချစ်​လို့လိုက်​​လျောပါ့မယ်​ဆို​တော့ အံ့သြရတာအမှန်​ပဲဖြစ်​သည်

သူ့လိုအရှက်​အ​ကြောက်​ကြီးတဲ့သူက အဲ့လို​ပြောလိမ့်​မယ်​လို့ ရှင်းပိုင်​ တသက်​ တခါမှမ​တွေးဖူးပါ 

စလက်​နဲ့ အဆုံးထိစမယ်​ ဟန်​ပြင်​ပြီး သူ့နားကိုတိုးကပ်​သွားလိုက်​​တော့ မရုန်းပဲ ငြိမ်​​နေရှာသည်

သူ့လည်​ပင်း​ဖွေး​ဖွေး​တွေကိုအနီးကပ်​မြင်​ရ​တော့ ထိန်းချုပ်​နိုင်​စွမ်းက အနည်းငယ်​လွတ်​သွားကာ ထိ​တွေ့မိ​တော့သည်

ဒါကို သူက မျက်​ရည်​​ပေါက်​ကြီးငယ်​ကျတယ်​​လေ😒
မသိရင်​ သူကိုဘာလုပ်​တာကျ​နေတာပဲ

As U Like (Complete)Место, где живут истории. Откройте их для себя