As U Like(Ep 11.2)

4K 174 12
                                        

ဖြူဖြူသိမ့်​ဆိုတဲ့ ​မိန်းက​လေးရဲ့အခန်း​ရှေ့​ရောက်​​တော့ ​ကျောင်းသားတ​ယောက်​ကို​ခေါ်ခိုင်းပြီး အခန်း​ရှေ့က​နေ ​စောင့်​​နေလိုက်​သည်

ခေါ်ခိုင်းပြီး ငါးမိနစ်​​လောက်​ကြာတဲ့အချိန်​ထိ စာမလာသတင်းမကြားလို့ .. ​ခေါ်ခိုင်းလိုက်​တဲ့​ကျောင်းသားကို​ ရှင်းပိုင်​​ခေါ်​မေးလိုက်​​တော့

"သူထွက်​မ​တွေ့နိုင်​ဘူးတဲ့.. စာလုပ်​​နေတယ်​.. အ​ရေးကြီးကိစ္စမရှိရင်​ပြန်​ပါလို့ "

ပြောခိုင်းလိုက်​တယ်​ ဆိုပဲ အဲ့​ကျောင်းသားကလဲ အားနာလို့လာမ​ပြောတာတဲ့... ​ကောင်း​ရော

အခု​တော့ ရှင်းပိုင်​မှာ ​ကြောင်​​တောင်​​တောင်​နဲ့အခန်း​ရှေ့ရပ်​​စောင့်​​နေတာ

....

သို့​သော်​လည်း ရှင်းပိုင်​ မျက်​နှာတချက်​မပျက်​ပဲ

"သူ့ကို ဒီထမင်းဗူး​လေး ​ပေး​ပေးပါ.. စ​တော်​ဘယ်​ရီသီး​တွေကလဲ အရမ်းစား​ကောင်းပါတယ်​လို့.. ပြီး​တော့ ငါ လာ​ပေးတာလို့မ​ပြောပါနဲ့... ရတုဆက်​ လာ​ပေးသွားတယ်​​ပြော​ပေး"

"Ok"

ရှင်းပိုင်​​ပေးခိုင်းတဲ့အတိုင်း ဟို​ကျောင်းသားက သွား​ပေး​တော့ ဖြူဖြူသိမ့်​ဆိုတဲ့မိန်းက​လေးက ထမင်းဗူး​လေးကို ချက်​ချင်း​မှောက်​ရပ်​​လေးလုပ်​ကြည့်​သည်

စာကိုမ​တွေ့သွား​တော့မှ ပြုံးပြီး ထမင်းဗူး​လေးကို ​ခုံ​အောက်​ထဲ ​သေချာထည့်​လိုက်​သည်

အခန်းအပြင်​ကို​တော့ လုံးဝမကြည့်​တာမို့ ရှင်းပိုင်​ကို အရိပ်​အ​ယောင်​​တောင်​မ​တွေ့ဘူး ထင်​ပါရဲ့

ရှင်းပိုင်​မှာလဲ သူထင်​သလို ဖြစ်​​နေတာ​သေချာ​နေပြီမို့
အခန်းဆီကိုသာ ပြန်​လာခဲ့လိုက်​သည်

အခန်းထဲ​ရောက်​​တော့ ရတုက ​ခုံက​နေ ထကာ

"ရှင်းပိုင်​ ငါမင်းကို​စောင့်​​နေတာ.. ဘာလို့မ​ပြောမဆိုနဲ့ထွက်​သွားတာလဲ ... လာ ငါတို့မုန့်​​ဈေးတန်းသွားရ​အောင်​😄"

As U Like (Complete)Onde histórias criam vida. Descubra agora