As U Like(Ep 14.1)

3.9K 189 6
                                        

"မင်း​ချောလာတယ်​ ရတု "

"အင်း"

"ငါမ​နောက်​ဘူး .. မင်းတကယ်​​ချောလာတာ"

"မင်းငါ့ကို အဲ့တာ​ပြောမလို့​ခေါ်လာတာလား"

"အင်း .. မင်းကို တစိမ့်​စိမ့်​ထိုင်​ကြည့်​ချင်​လို့ လွမ်း​နေလို့"

ရှင်းပိုင်​ကို ရတု ခပ်​စိမ်းစိမ်းကြည့်​ကာ

"မင်းအပို​တွေ​ပြော​နေမယ်​ဆို ငါပြန်​​တော့မယ်​"

"...."

ရှင်းပိုင်​က ဘာမှမ​ပြောပဲ ​မျက်​နှာလွှဲလိုက်​တာမို့

"ဟုတ်​ပြီ .. ငါပြန်​​တော့မယ်​ ငါ အလုပ်​ရှိ​သေး​တယ်​"

ရတု ထိုင်​​နေရာက​နေ မတ်​တပ်​ထရပ်​ကာ ထွက်​သွားမည်​ပြုကာမှ

"ဘာလို့ သ​ဘောတူလိုက်​တာလဲ"

အက်​ကွဲ​နေတဲ့အသံမဟုတ်​ပဲ .. ​တည်​ကြည်​​နေတဲ့အသံနဲ့​မေးလာ​လေတဲ့ ရှင်းပိုင်

ရတု နားမလည်​စွာ ကြည့်​​နေမိရင်း ရင်​ထဲ လှိုက်​ခနဲ ဖြစ်​သွားရသည်

"သိမ့်​က ငါနဲ့သင့်​​တော်​တဲ့ ​မိန်းက​လေးတ​ယောက်​ပဲ​လေ မင်းကဘယ်​လိုစကားကိုကြားချင်​လို့လဲ ..."

"အင်း မင်းမှန်​တယ်​ .. ငါ သတို့သားအရံလုပ်​​ပေးမယ်​​လေ ​နော်​"

"ဘယ်​လို"

တချက်​က​လေး​တောင်​မငိုင်​ပဲ ပြုံးလျက်​ပဲ ရှင်းပိုင်​ ​ပြော​နေခဲ့သည်

"ငါ သတို့သားအရံလုပ်​​ပေးမယ်​လို့"

"အင်း အဆင်​​ပြေမှာပါ​ပေါ့ လုပ်​​လေ"

"အိမ်​မှာလဲ ​ပြောလို့ရရဲ့သားနဲ့ အပြင်​ကို​ခေါ်ထုတ်​လာမိတာ Sorryကွာ "

"ရပါတယ်​ ငါပြန်​​တော့မယ်​"

"အင်း ငါလိုက်​ပို့​ပေးမယ်​ "

Waiter​လေးတ​ယောက်​ကို​ခေါ်ကာ Billရှင်းပြီး ရှင်းပိုင်​ကိုယ်​တိုင်​ ရတုကို အိမ်​အ​ရောက်​ပြန်​ပို့ခဲ့သည်

ပြန်​မပို့ပဲတ​နေရာရာ ​ခေါ်သွားပါ​စေလို့ တ​လမ်းလုံး ရတု ဆု​တောင်းလာသမျှက အိမ်​​ရှေ့တည့်တည့်​ကို ရှင်းပိုင်​ ကား​လေး​ရောက်​တဲ့အချိန်​မှာ​တော့ .. ​မျှော်​လင့်​ချက်​ ကုန်​ရ​တော့သည်

ရှင်းပိုင်​က​တော့ ပြုံးပြုံးရယ်​ရယ်​နှင့်​ပင်​ အိမ်​ထဲလိုက်​ဝင်​လာကာ
ရတု​မေ​မေ့ကိုနှုတ်​ဆက်​ပြီး လွန်​ခဲ့တဲ့၈နှစ်​က အ​လောတကြီးထွက်​သွားမိတဲ့အတွက်​ ​တောင်းပန်​စကားဆိုသည်

ရတုကို​တော့ တခွန်းပင်​မဟ

ရတု စိတ်​ထဲ မ​ကျေမချမ်းဖြစ်​ရ​သော်​လည်း ဘာမှ ထုတ်​မ​မေးမိ

ဝသီအတိုင်း တိတ်​တိတ်​ဆိတ်​ဆိတ်​သာ ရှင်းပိုင်​ထားတဲ့အတိုင်း ​နေ​နေလိုက်​သည်

တကယ်​ကြီးကို ရတုအားရှင်းပြချက်​မ​ပေးပဲ ရှင်းပိုင်​ပြန်​သွားသည်

အံ့သြလို့ပင်​ မဆုံး

###############################

ဆက်​​ရေးနိင်​​တော့ဘူး😁😁
နောက်​တပိုင်းကိုအ​ရှည်​ကြီးUp​ပေးမယ်

As U Like (Complete)Where stories live. Discover now