"ရှင်းပိုင် ဘာလို့အဲ့လောက်လူများနေရတာလဲ "
လူအများကြီးကိုကြည့်ပြီး ရတုကိုယ်တိုင်တောင်မသိလိုက်ခင်
ရှင်းပိုင်လက်ကို အားကိုးတကြီးနဲ့ ကိုင်လိုက်မိတော့သည်"များလို့လား? ဒါတောင် နည်းနည်းပဲဖိတ်ထားတာ"
မျက်ခုံးလေးပင့်ပြကာ မကျေမနပ်နဲ့ပြောလိုက်သည့် ရှင်းပိုင်ကိုကြည့်ကာ
ရတုမှာ ပါးစပ်အဟောင်းသားဒီလောက်လူအများကြီးကိုတောင် ရှင်းပိုင်က သိပ်ကျေနပ်ပုံမပေါ်ပါလေ
ဘယ်လောက်အများကြီးအထိဖိတ်ချင်လဲမသိ
"လူတွေအရမ်းများနေပြီလေ မင်းက ဘယ်သူတွေကို ထပ်ဖိတ်ပြီးထပ်သိစေချင်သေးလို့လဲ "
"တလောကလုံး "
"ဟမ်"
ရှင်းပိုင်က တွေးတွေးဆဆလေးလေးနက်နက်လေးပြောလာတော့လဲ ရတုမှာ ရယ်လဲမရယ်ရက်
အင်း မင်းသဘော လို့ခေါင်းညိမ့်ရအောင်လဲ
လွယ်လည်းမလွယ်ကူသလို ဖြစ်လဲမဖြစ်နိုင်တဲ့အရာ
"ဟဲ့ ဟိုကလေးနှစ်ယောက် မလာကြသေးပဲ ဘာလုပ်နေတာလဲ "
လူတွေကိုသာလိုက်ကြည့်ရင်း မတ်တပ်ရပ်နေသည့်
သူတို့နှစ်ယောက်ကို လှမ်းခေါ်ကာ အနားရောက်လာသည့် သူကရှင်းပိုင်ရဲ့အန်တီလေး....
ရှင်းပိုင်ရဲ့မေမေက ရတုတို့နဲ့ကွဲနေတဲ့အချိန်အတွင်း
ကွယ်လွန်သွားတာမို့ရှင်းပိုင်ကို အမေလိုပြုစုစောင့်ရှောက်ခဲ့သည်က
ဒီအန်တီလေးပင် ဖြစ်သည်ရှင်းပိုင်အမေကလဲ အေးအေးဆေးဆေးသမား
ရှင်းပိုင်အဖေကလဲ အေးအေးဆေးဆေးသမားရှင်းပိုင်တယောက်သာ စိတ်ဆတ်လွယ်ပြီးတဇွတ်ထိုးလုပ်တတ်သည့်အကြောင်းက
ရှင်းပိုင်ရဲ့အန်တီလေးကြောင့်ပင်
ရှင်းပိုင်အမေရှိစဉ်ထဲက တူဘက်က ဆတ်ဆတ်ထိမခံရပ်တည်သူမို့
ရှင်းပိုင်ကလဲ အားကိုးနဲ့မိုက်သည်
ရတုကို ခိုးပြေးသည့်ကိစ္စတွေလဲ အန်တီလေးရဲ့ အားပေးချက်တွေပါတယ်လို့ကြားပေမယ့်
ESTÁS LEYENDO
As U Like (Complete)
Novela Juvenilချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်