"ရတု "
"အင်း"
"ဘာတွေလုပ်နေတာလဲ"
"မနက်ဖြန်ဆို ခရစ်စမတ် လေ အဲ့တာကြောင့်
အသိကလေးလေးတွေအတွက် လက်ဆောင်ပြင်ပေးနေတာ "
"ဘာလို့လဲ "
"ဒီလိုပဲလေကွာ ပေးချင်လို့ပေါ့ "
"အေး"
ခပ်ပြတ်ပြတ်ပြောပြီးထ ထွက်သွားတဲ့ ရှင်းပိုင်ကို
ရတု လှည့်မကြည့်မိလိုက်ဘဲနဲ့ ခေါင်းသာညိမ့်ပြလိုက်မိတာ ရတု အမှားကြီးမှားသွားမှန်း နောက်မှသိခဲ့ရသည်
"ရှင်းပိုင် ငါ အိပ်မလို့လေကွာ ဟိုဘက်နည်းနည်းတိုး"
"အိပ်လေ အိပ်ပေါ့ "
ကုတင်အကျယ်ကြီးကို ရှင်းပိုင်သည် ကလေးဆန်စွာ ရတု ဘက်ကို တိုးကပ်ပြီးအိပ်နေခဲ့သည်
ဘေးစွန်းကိုလဲ ရောက်နေပြီ ထပ်ရွေ့ရင်လဲ ပြုတ်ကျနိုင်တဲ့အနေအထားမို့
"ရှင်းပိုင် မင်းမဖယ်ဘူးလား ပြော "
"....."
"အေး အဲ့တာဆို ငါ အပြင်မှာသွားအိပ်မယ်"
"....."
"ရှင်းပိုင် ငါတကယ်သွားအိပ်တော့မှာနော် "
"Merry Christmas .... "
"ဟမ်"
တိုးတိုး တိုးတိုးနဲ့ ပြောနေတဲ့ ရှင်းပိုင်ကို ရတု ထပ်မေးလိုက်တော့
ရှင်းပိုင်က အိပ်ယာပေါ်ကနေ အတင်းကုန်းထကာ
ရတုကို အဝတ်တွေထချွတ်တော့သည်
"ရှင်း ပိုင် ဘာထဖြစ်တာတုန်း "
"ခရစ်စမတ် လက်ဆောင်ယူမလို့ "
"ငါက ငါက စန်တာကလော့မဟုတ်ဘူးလေ "
"စန်တာကလော့က မင်းပဲလေ မင်း ဟိုကလေးတွေအတွက်တောင် လက်ဆောင်တွေပြင်ပေးနေသေးတာပဲ ငါ့ကိုလဲ ပေး "
"မဟုတ်ဘူးလေ "
"ငါ့ကို ခရစ်စမတ် လက်ဆောင်အတွက် ကလေးတယောက်လောက်မွေးပေးပါ "
"ရှင်းပိုင် ရူးနေလား ငါက ယောကျာ်းလေးနော် မိန်းကလေးမဟုတ်ဘူး "
BẠN ĐANG ĐỌC
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်
