ရတုတို့ အဲ့ပြသနာ ဖြစ်ပြီး နောက်နေ့ကျတော့ မေမေ့ကို ကျောင်းအုပ်ဆရာကြီးဆီခေါ်လာခဲ့လိုက်ရသည်
မေမေကတော့ တခါမှ ရန်မဖြစ်ဘူးတဲ့ မိမိ့သား အလိမ္မာလေးက ရန်ဖြစ်သည်ဆိုပြီး အိမ်အထိ တိုင်စာရောက်လာသည်တဲ့လေ ဆိုပြီး တနေကုန်ပြောမဆုံး
ရတုကိုလဲ ကျောင်းမှာ မထားခဲ့ပဲ အိမ်မှာ သွန်သင်ဆုံးမစရာလေးရှိလို့ပြန်ခေါ်သွားပရစေဆိုပြီး ပြန်ခေါ်လာခဲ့သေးသည်
ရှင်းပိုင်ကိုတော့ မသက်ဆိုင်သူမို့ ဘာမှမပြော
*သားပိုင် အိမ်ပြန်လာရင် အန်တီ့မေးစရာရှိတယ်သိလား * ဆိုသည့် စကား သာပြောခဲ့သည်
ရတုကတော့ သူလည်း အမှားမလုပ်ပဲနဲ့ရုံးခန်းတွေဘာတွေအထိ ရောက်သွားသည်ကို မကြိုက်
မေမေ့ကို အားနာနာနှင့် ပြည့်စုံအောင်ကိုသာ ဒေါသထွက်နေမိသည်
ကျောင်းမှာကိစ္စတွေပြီးလို့ အိမ်ပြန်ရောက်တော့ မေမေက ရတုကို သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်စေကာ
"ကဲ သား ဒါတွေကဘယ်လိုဖြစ်တာလဲ "
"သားမှားတာမဟုတ်ပါဘူး မေမေ"
"သားမှားတာ မဟုတ်ရင် ဟိုကောင်လေးတွေဘက်ကမှားတာပေါ့ အဲ့လိုလား .. "
".."
"လူကောင်းမဟုတ်တဲ့သူတွေကမှားတာကို သားက သားအမှားအဖြစ်ခံတယ်တဲ့လား ဟမ်.. မေမေကတော့ သားကို စဉ်းစားတတ်တဲ့ ယောကျာ်းလေးတယောက်လို့ထင်ထားတာ မေမေထင်တာ မှားသွားပုံပဲ "
"မဟုတ်ပါဘူး မေမေ ... မေမေထင်တာမမှားပါဘူး
သားစဉ်းစားတတ်ပါတယ် .. သူတို့ဘက်ကလွန်လာလို့ သား လက်တုန့်ပြန်လိုက်မိတာပါ"
"လက်တုန့်ပြန်တယ် ... ဟုတ်လား...
အဲ့တာ ယောကျာ်းကောင်းလုပ်ရမယ့်အလုပ်လား သား
အဲ့တာ မနာလိုစိတ်ကြီးတဲ့မိန်းကလေးတွေလုပ်တဲ့အလုပ်လေ
သားက အဲ့လိုလူမျိုးမို့လို့ လက်တုန့်ပြန်တယ်ဆိုတဲ့ စကားကို လွယ်လင့်တကူသုံးပြီး အလွယ်တကူ လုပ်ပစ်လိုက်တာလား ဟမ်.... မေမေတော့ သားကို နားမလည်နိုင်တော့ဘူး ...
အရင်တုန်းက အေးဆေး တည်ငြိမ်သလောက် အခုကဘာဖြစ်ရတာလဲ သား ... မင်းအမှားတွေဆက်တိုက်လုပ်ပစ်ချင်နေတာလား မင်းဒီတပတ် အဆင့်ကျသွားတယ်ဆိုတာလဲ မင်းသိတယ်မှတ်လား..."
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်
