ရတုတို့ကျောင်းပြန်တက်တော့ အတန်းထဲဝင်ဝင်လိုက်ချင်း
ရှင်းပိုင်နားတွင်လူဝိုင်းသွားသည်
"ရှင်းပိုင် မင်းဘာလို့ကျောင်းမလာတာလဲ "
"ဟဲ့ရှင်းပိုင် နင်မရှိတာပျင်းစရာကြီးသိလား"
"ဟုတ်သားပဲ ရှင်းပိုင်ရာ နောက်ဆိုကျောင်းပျက်မယ်ဆိုလဲ ငါတို့ကိုခေါ် 😁"
စသည် စသည်ဖြင့် ရှင်းပိုင်ဟာ လူချစ်ခင်ပေါသည်
ရုပ်ကလည်းချောသည့်အပြင် ပေါင်းတတ်သင်းတတ်ဆိုတော့ သူကလူချစ်လူခင်တော့ပေါသည်
ရတုကတော့ အဲ့လိုမဟုတ် စကားအပိုအလိုတွေလဲမပြောတတ် တခြားသူကိုစိတ်လဲမဝင်စား တခြားသူတွေကလဲ
ရတုဆက်လို့ပြောလိုက်တာနဲ့ရှင်းပိုင်ဘေးက ဘဝင်လေဟပ်နေတဲ့ကောင်လို့သာ သိထားကြသည်
တကယ်ဆို ရတုကဘဝင်လေဟပ်တာမဟုတ်ပါဘူး
အနေတည်တာပါ ဟိုပေါတောတောကောင်နဲ့တော့ဘယ်တူမလဲ
လူတွေကပေါတောတောမှ ခင်ကြတာလား?
ဟုတ်လား?
ဒါမှမဟုတ် ရုပ်ရည်ကြောင့်လား?
ရုပ်ရည်ကြောင့်ဆိုရင်တော့ ရတုလဲ ရှိသင့်သလောက်ရှိပါတယ်😑
ရတု လူအုပ်ကြားထဲကထွက်ကာ နေရာကိုသွားပြီး စာရေးစားပွဲပေါ်ကို လွယ်အိတ်အား ဆောင့်ပြီး ချပလိုက်သည်
*ဒုန်း*
အိမ်မှာရှိသမျှစာအုပ် အကုန်ထည့်လာတဲ့ ရတုလွယ်အိတ်က အဲ့လောက်တော့ လေးသင့်တယ်မှတ်လား?
ရတုထိုင်ခုံကအသံကျယ်ကြီးကြောင့် ရှင်းပိုင်ဘေးနားက လူတစုနဲ့အတူ ရှင်းပိုင်ပါလှည့်ကြည့်လာသည်
နောက်တော့လဲ ရှင်းပိုင်ဆိုတဲ့မျက်နှာပိုးမသေတဲ့ကောင်က ရတုဘေးနားမှာ ပြုံးဖြဲဖြဲနဲ့လာထိုင်ရင်း
ရတု အားမထိတထိနဲ့တို့ခနဲ့ဆိတ်ခနဲ့လုပ်ကာ လိုက်စတော့သည်
ŞİMDİ OKUDUĞUN
As U Like (Complete)
Genç Kurguချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်
