As U Like (Ep 10)

4.2K 182 2
                                        

"ရတု"

"ဟင်​?"

"မင်းဒီ​နေ့ ​ကျောင်းသွားလို့ရပါ့မလား"

"ရတယ်​​လေ ဘာလို့လဲ?"

ကျောင်းသွားဖို့ စာအုပ်​​တွေစစ်​ထည့်​​နေတဲ့ ရတု အနားကပ်​ကာ
ရတု ​ကျောင်းမသွားဖို့အ​ရေး ရှင်းပိုင်​အ​ရေးဖြစ်​​နေ​လေသည်

"ရတု "

"အင်း ​ပြော​လေ "

"မသွားပါနဲ့ဆို "

"ဘာလဲ ​ပြော ဘာ​တွေဖြစ်​​နေတာလဲ ဘာလို့မသွား​စေချင်​တာလဲ "

"ဘာမှမဟုတ်​ပါဘူး မင်း ​မ​နေ့က​ပြော​တော့ ​ခေါင်းမူး​နေတယ်​ဆို အဲ့တာ ဒီ​နေ့​ကျောင်းသွားလို့ရပါ့မလား "

"ရပါတယ်​ ဘာမှမဖြစ်​တဲ့ဟာကို .. ​ကျောင်းသွားလို့မရ​လောက်​​အောင်​အထိ မဖြစ်​ပါဘူး "

"ဖြစ်​ပါတယ်​ဆို "

"မဖြစ်​ပါဘူးဆို "

"အင်းကွာ ​ပြောမရလဲ သွားကြတာ​ပေါ့ လာလာ ​အောက်​​ဆင်းကြမယ်​ "

"ရှင်းပိုင်​.. မင်းဘာဖြစ်​​နေတာလဲ ငါ စာအုပ်​ထည့်​​နေတယ်​​လေကွာ "

တတွတ်​တွတ်​လုပ်​​နေတဲ့ ရှင်းပိုင်​ကို ရတုနည်းနည်း​လေးမှ စိတ်​မရှည်​​တော့ပါ

သို့​ပေမယ့်​လဲ သူ့ကို မတွန်းလှန်​ချင်​တဲ့စိတ်​​ကြောင့်​ သူ့အလိုကျ စာအုပ်​​တွေမြန်​မြန်​ထည့်​ကာ ​​ကျောင်းသွားဖို့ပြင်​ဆင်​ခြင်းကိုအပြီးသတ်​လိုက်​ရသည်

" ကဲ လာ သွားမယ်​"

ကျောပိုးအိတ်​​လေး​ကောက်​လွယ်​ကာ ရတု​ပြောလိုက်​​တော့ ရှင်းပိုင်​က ကုတင်​​ပေါ်​တွင်​သွားထိုင်​ကာ

"မသွား​တော့ဘူး"

"ဟာ ဘာလို့လဲ ​စော​စောကကျ​တော့ တက်​ကြွ​နေပြီး​တော့ "

"အခုမတက်​ကြွ​တော့ဘူး​လေ "

"အင်း​လေ ဘာလို့လဲလို့"

"ဘာမှမဖြစ်​ဘူး "

ရုပ်​တည်​ကြီးတဲ့ ဟိုဘက်​လှည့်​သွားတဲ့ ရှင်းပိုင်​ကို ကြည့်​ကာ ရတု ခမျာ ရယ်​ချင်​​သော်​လည်းမရယ်​ရဲ

As U Like (Complete)Where stories live. Discover now