As U Like (15.3)

4.1K 193 4
                                    

Dinner ပွဲကို ကြွရောက်လာတဲ့ သူတွေအား ပြတင်းပေါက်ကနေ ကြည့်ကာ

ရတု အခန်းထဲကတောင်မထွက်ရဲ

လိမ်းထားတဲ့ make up တောင် ပျက်ရလောက်အောင် ချွေးပျံနေခဲ့တော့သည်

အခန်းထဲမှာ make up လိမ်းပေးတဲ့ mommy ရယ် ရတုရယ်သာ ရှိတာမို့

ရတု ဟိုလျှောက် ဒီလျှောက် လျှောက်နေမိတာကို mommy က ကြည့်ကာ

"သားရယ် သားကိုကြည့်ရတာလည်း mommy ပါ မူးတယ် ဘာတွေဖြစ်နေတာလဲ "

"ဟို...ကျွန်တော် "

"သားရယ် စိတ်လှုပ်ရှားရင်လဲ စိတ်လှုပ်ရှားတယ်ပေါ့
Mommy တောင်အားကျတယ်သားရယ်
အခုနောက်ပိုင်း တက်စလေးတွေလဲ သားတို့လို
ပွင့်လင်းပြီး အလေးထားတတ်လာရင်ကောင်းမယ်"

"ကျွန်တော် "

"စကားအများကြီး မပြောနဲ့ သား
နဂိုထဲကတောင် စိတ်လှုပ်ရှားနေတာ အခုကြည့်..
နဖူးမှာ make up တွေကွက်ကုန်တော့မယ်
လာပါဦး mommy ပြန်ကြည့်ရအောင် "

ခုံမှာဝင်ထိုင်လိုက်ကာ မျက်နှာလေးမော့ပေးလိုက်တော့

Mommy က ခေါင်းငုံ့ကာ နဖူးက make up ကိုသေချာပြင်ပေးနေတဲ့အချိန်

"ရတု... "

"ဟင် "

ဒေါသတကြီးခေါ်သံကြောင့် မော့ကြည့်မိစဉ်

ရုတ်တရပ်ကြီး အဖက်ခံလိုက်ရတော့

လူပါ ကြောင်တောင်တောင်ဖြစ်သွားရကာ

Mommy ရှေ့မှာမို့ ရှက်ကိုးရှက်ကန်းနဲ့ ရုန်းလိုက်ရင်း

"ရှင်းပိုင် ဘာဖြစ်တာလဲဟ "

"သူ မင်းကိုဘာလုပ်နေတာလဲ "

စူပုပ်နေတဲ့ရုပ်နဲ့ မေးတော့မှ ရှင်းပိုင် ဘာဖြစ်နေလဲ ရတုသဘောပေါက်သွားကာ

"😂😂 မင်းကလဲကွာ ကြံဖန်တိုရတယ်လို့
Make up ပြန်ပြင်နေတာပါကွ "

Mommy ဆိုလဲ အူလည်လည်လေးနှင့် သူတို့နှစ်ယောက်ကိုကြည့်နေကာ

နောက်တော့မှ သဘောပေါက်သွားပုံနှင့်

"အမလေးတော် အလန့်တကြားနဲ့ ဘာများဖြစ်တာလဲလို့ ရှင့်ဟာလေးကို ကျွန်မ ဆွဲမစားပါဘူးရှင် တကဲတည်း တိုတက်လိုက်တာဆိုတာ "

As U Like (Complete)Where stories live. Discover now