*သား အရင်သွားနှင့်လိုက်နော်* ဆိုပြီး မေမေက ကျောင်းကိုအတင်းလွှတ်နေတာမို့ ရတု တယောက်ထဲ ကျောင်းရောက်လာခဲ့သည်
ရှင်းပိုင်ကိုတော့ မနက်မိုးလင်း ရတုအိပ်ယာစ ထ ထဲကမတွေ့တာ အခုချိန်ထိပင်
အတန်းထဲရောက်တော့ ထုံးစံအတိုင်း စာသာထိုင်ကျက်နေလိုက်သည်
"ရတုဆက်..."
အခန်းအပြင်က ခပ်စာစာခေါ်သံကြောင့် .. ဥာဏ်ကောင်းလွန်းတဲ့ရတုအတွက် ဒီအသံက ဘယ်သူ့အသံဆိုတာ မှတ်ထားစရာမလိုလောက်အောင် မှတ်မိသည်
ထွက်တွေ့ချင်စိတ် မရှိတာမို့ .. မကြားချင်ယောင်ဆောင်ကာ စာသာ ဖတ်နေလိုက်သည်
"ရတုဆက် လို့..."
ဘယ်လိုမိန်းကလေးလဲ ..
"ရတု.. မင်းကို ခေါ်နေတယ်ကွ ဟိုမှာ"
နောက်ဆုံးတော့ အမြင်တော်တဲ့ အတန်းထဲ က လူတချို့လာပြောမှသာ ရတု အခန်းပြင်ထွက်ခဲ့လိုက်သည်
"ရတုရယ် နင်ကလဲ ခေါ်လိုက်ရတာ"
မျက်လုံးဝိုင်းဝိုင်းတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောနေတဲ့ ဖြူဖြူသိမ့်ကိုကြည့်ရတာ ဒီနေ့ကျမှ ပိုလှနေသလို
"ဘာကိစ္စရှိလို့လဲ"
"ဒီမှာ နင့်အတွက်"
မနေ့က ထမင်းဘူးကို လက်ထဲ ထိုးထည့်ပေးကာ ပြုံးပြနေသည့် ဖြူဖြူသိမ့်
"အဲ့ဒါ ငါ့အမေပေးခိုင်းတာ မဟုတ်ဘူးမှတ်လား .. ငါမနေ့ကဘာမှမသိလို့ယူလိုက်တာ ဒီနေ့ တော့ မယူနိုင်ဘူး .. "
"ဟာ နင်ကလဲ ... နင့်ကိုစားစေချင်လို့ပေးတဲ့ဟာကို .. ယူပါဟ"
"မယူဘူး .. နင်ပြန်တော့"
"မရဘူး ယူရမယ်"
"ဟ.. နင်ဘယ်လိုမိန်းကလေးလဲ ပြောရဆိုရခက်လိုက်တာ"
ရတု စိတ်ပျက်လက်ပျက်နဲ့ ဆံပင်တွေကိုလက်နဲ့ထိုးခွဲပစ်လိုက်သည်
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်
