ကျောင်း တံခါးဝမှာ နှစ်ယောက်သား မတ်တပ်ရပ်ကာ သူမကို စောင့်နေရင်း စကားစမြည်မပြောဖြစ်ကြ
ကျောင်းသား ၃ပုံ ပုံ ၂ပုံလောက်ထွက်သွားပြီတဲ့နောက်မှာမှ ဖြူဖြူသိမ့်ရောက်လာသည်
"စောင့်နေရတာ ကြာသွားလား .. ငါမရည်ရွယ်ပဲ နောက်ကျသွားတယ် "
တောင်းပန်သလိုလိုပြောနေပေမယ့် သူမပုံစံက တောင်းပန်လိုခြင်းအလျှင်းမရှိ
ခပ်ပေါ့ပေါ့သာ ပြောနေသည့်ပုံဖြစ်သည်
ရှင်းပိုင် ဘာစကားမှမဆိုမိခင်မှာပဲ ရတုကထွက်သွားပြီမို့ သူမသည်လဲ ရတုနောက်ကို အပြေးတပိုင်းလိုက်သည်
ရှင်းပိုင် သူတို့နှစ်ယောက်ကို စိတ်မသက်မသာရစွာဖြင့် ကြည့်ရင်း .. မနာလိုဝန်တိုစိတ်က ရင်ထဲတွင်ကိန်းအောင်းလာပြန်သည်
နောက်တွင်ရှင်းပိုင်မပါလာမှန်းသိတော့ ရတုလှည့်ကြည့်သည်
သို့သော် သူမကတော့ လှမ်းမကြည့်
ရှင်းပိုင် သူတို့နားကိုခပ်သွက်သွက်ကလေးလျှောက်သွားလိုက်ကာ
"Sorryကွာ ငါအတွေးလွန်နေလို့"
"အင်း"
ရတု *အင်း*လို့သာ အဖြေပြန်ပေးလိုက်သည်
ရှင်းပိုင်ဘာတွေတွေးပြီး ဘာတွေပူပန်နေသည်ဆိုတာကို ရတုကောင်းကောင်းသိသည်
.... ရှင်းပိုင်တွေးကောင်းတွေးနေလိမ့်မည်
သူမက ဘာလို့ ရတုကိုမှစိတ်ဝင်စားနေတာလဲတို့ ဒါမှမဟုတ်
သူမ.. သူ့ကိုစိတ်ဝင်စားဖို့ ဘယ်လိုကြိုးစားရမလဲ ..ဒါတွေပဲ မှတ်လား? ..
"ရတု.. နင်ကစကားအရမ်းနည်းတယ်နော် ဘာလို့လဲ "
မိန်းမတို့သဘာဝစပ်စုလွန်းတဲ့ သူမကို ရတု မကြည်သလိုကြည့်လိုက်ပြီး
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်