As U Like (Ep 16.1)

4.8K 184 17
                                    

"နင်တို့နှစ်ယောက်က လိုက်ဖက်သလိုလိုပဲနော်"

ရုတ်တရပ်ကြီးရောက်လာသည့် ဖြူ

ရတုမှာ မျက်နှာမပြရဲလောက်အောင်ပူထူသွားကာ
ဖြူ့ရဲ့နားလည်ရခက်တဲ့အပြုံးကို ငေးကြည့်နေမိတော့သည်

"လိုက်ဖက်သလိုလို မဟုတ်ဘူး
လိုက်ကိုလိုက်ဖက်တာ"

ရှင်းပိုင်ရဲ့ချေပစကားကို ဖြူကအသာပြုံးရင်း

"နင် သိပ်ကံကောင်းတာပဲ ရတု"

စကားမြှားဦးက ရတုဆီရောက်လာပြီမို့

"ဘာလို့လဲ?"

"နင့်ကို အရမ်းချစ်ပြီး...ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့သူကိုရထားတယ်လေ 😊"

သူမကပြုံးပြုံးလေးနဲ့သာမန်လေးပြောလိုက်တာပါ

ဒါပေမယ့်

ရတုမှာတော့ မျက်နှာတပြင်လုံး နီရဲသွားလောက်အောင် ရှက်သွေးဖြာသွားရသည်

သူတို့နှစ်ယောက်အကြောင်းကို သူမကပြန်ပြောလိမ့်မယ်လို့ ရတုမလိုချင်ပါ

"ဖြူ... မင်း ဒီနေ့လှနေတယ်"

ရှင်းပိုင်ရဲ့ idea typeက ဖြူပဲမို့လို့ ရှင်းပိုင်က
ဖြူ့ကိုဆို အမြဲတမ်းချီးကျူးလေ့ရှိသည်

ဒါက သူတို့ကြားက ဆက်ဆံရေးမို့

ရတု ပေါ့ပေါ့တန်တန်ပဲတွေးသည်

"ဟင်းဟင်းဟင်းဟင်း... ရှင်းပိုင်ရယ်
ငါကအမြဲတမ်းလှနေတာပဲလေ
အထူးအဆန်းလုပ်ပြီး ပြောနေသေးတယ်"

"ဒီနေ့ကပိုလှနေလို့ပေါ့😉"

ရှင်းပိုင်က ပြောလိုက် ဖြူက အရှက်သည်းပြလိုက်နဲ့

တဟင်းဟင်းလုပ်နေကြတာမို့

မနာလိုတယ်ပဲပြောပြော... ရတု မကြိုက်ပါ

ရှင်းပိုင်လက်ကို နည်းနည်း တင်းတင်းလေး ဖက်လိုက်တော့လည်း

ရှင်းပိုင်က သိပ်ဂရုမထား

"အဟမ်း"

ချောင်းဆိုးပြလိုက်သည်

သို့သော် အဖက်မလုပ်ကြ

၁၅မိနစ်လောက်ကြာသည်အထိ ပြောနေကြသည်

As U Like (Complete)Donde viven las historias. Descúbrelo ahora