ဖြန့်ကျက်လာတဲ့နေရောင်က တဖြည်းဖြည်းနှင့်...အိပ်ခန်းအတွင်းသို့ထိုးဖောက်လာခဲ့သော်လည်း.....
ရှင်းပိုင်တို့မနိုးချေ.....
ရတုဆို လှုပ်ပင်မလှုပ်....
ဇာတ်လမ်းတွေထဲမှာ...နေရောင်ကမျက်နှာပေါ်ဖြာကျမယ်...မင်းသားကနိုးမယ် မင်းသမီးကိုနှိုးမယ် ကြည်နူးကြမယ်...
သို့ပေမယ့်...ရှင်းပိုင်တို့မှာတော့....
....လာနှိုးတဲ့သူရန်သူဟုပင်ခေါ်ရလောက်အောင်နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်နေရှာသည်...
မသိရင်...နှစ်ပေါင်းများစွာ မအိပ်ခဲ့ရတဲ့သူတွေလိုလို...
ငြိမ်းချမ်းစွာ အိပ်မောကျနေပါသော နှစ်ယောက်...အေးချမ်းပေသည်...
*ကျွီ....*
ဖွင့်ဟလာသော အိပ်ခန်းတံခါး...
ဝင်ရောက်လာသော ရတုမေမေ...
အခန်းတံခါးဖွင့်ပြီးလူတစ်ယောက်ဝင်လာသည်အထိ သူတို့မနိုးသေး...
တိုင်ကသံချိတ်မှာ ချိတ်ထားတဲ့ နာရီက ညွှန်ပြနေသည်က ...
*9 o'clock*
"သားရေ...ရတု..."
လေသံညက်ညက်ကလေးနဲ့ပင် နှိုးသည်
....လှုပ်တောင်မလှုပ်...
"ရတုရေ...."
လေသံနည်းနည်းမာလာသည်
မလှုပ်သေး..
"ရတုဆက်..."
အော်လိုက်ပြီ...
အနည်းငယ်တော့လှုပ်သွားသည်
အင်းအဲနဲ့ရှင်းပိုင်ကိုပို၍တိုးဖက်ကာ အိပ်သွားပြန်သည်...
"ရတုရေ ရတု... "
ပခုံးကိုခပ်ဖွဖွကိုင်ပြီးတွန်းလိုက်တော့မှ မျက်လုံးလေးနည်းနည်းပွင့်လာကာ
"ဟင်..အင်"
"ထတော့လေ ကျောင်းလဲမသွားရဘူးဆိုပြီး စွတ်အိပ်မနေနဲ့
ခေါင်းကိုက်မယ် ပြီးတော့ ရှင်းပိုင်ကိုလဲ တခါထဲနိုးလိုက် မေမေကတော့ သားအဒေါ်အိမ်ခဏသွားလိုက်ဦးမယ် ပိုးပိုးလေးဖျားတယ်ဆိုလို့သွားကြည့်ပေးမလို့"
![](https://img.wattpad.com/cover/136583925-288-k962009.jpg)
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်