As U Like (Ep 5.2)

8.3K 282 8
                                        

"သား​ရေ .."

အခန်းထဲကပြန်​​ဖြေသံမကြားရ​တာ​ကြောင့့် အခန်းတံခါးကိုအသာ​လေးတွန်းဖွင့်​ကာ ဝင်​လာလိုက်​​တော့
တစ်​​ယောက်​က ကုတင်​​အောက်​မှာ​ခွေ​ခွေ​လေးအိပ်​​ပျော်​​နေကာ ကျန်​တစ်​​ယောက်​က​တော့ ကုတင်​​ပေါ်မှာ အပူအပင်​ကင်းစွာ အိပ်​​ပျော်​​နေကြရှာသည်

"ဟူး ဒီက​လေးက​တော့​လေ ရတုနဲ့အတူ ကုတင်​​ပေါ်တက်​အိပ်​လဲရတဲ့ဟာကို .."

"အင်း........"

ရှင်းပိုင်​ကိုချစ်​စနိုးနဲ့မာန်​​နေတုန်းရှိ​သေးသည်​ လူးလွန့်​ပြီးနိုးလာ​သော်​ သား​တော်​​မောင်​ ရတု​ကြောင့်​ ရတု​မေ​မေပြုံးလိုက်​ကာ

"သား​လေး ​ခေါင်းမူး​နေ​သေးလား.."

"မမူးပါဘူး​မေ​မေ ​စော​စောကသားပြန်​နိုးလာ​သေးတယ် ရှင်းပိုင်​ကိုပဲ​တွေ့တယ်​ အဲ့တာနဲ့ သူက အားရှိ​အောင်​ပြန်​အိပ်​လိုက်​ပါဦး ဆိုတာနဲ့ ခဏ​မှေး​နေလိုက်​တာ ဘယ်​လိုအိပ်​​ပျော်​သွားမှန်းမသိလိုက်​ဘူး😁 "

"သားရယ်​ စကား​တွေအများကြီး​ပြော​နေပါလား
အဲ့တာဆို သားက​နေအရမ်း​ကောင်း​နေပြီဆိုတဲ့အဓိပ္ပါယ်​​ပေါ့ ..😏 "

"​သေချာ​ပေါက်​ အဲ့လိုပဲ​ပေါ့ ​မေ​မေရဲ့ ..😁
ဒါနဲ့ ရှင်းပိုင်​​ရောဟင်​ ..."

"ဟိုမှာ​လေ.."

မေ​မေ​မေး​ငေါ့ပြတဲ့​နေရာကို ရတုလှမ်းကြည့်​လိုက်​​တော့ ရတု​ကုတင်​​ဘေး​တွင် ​ခွေ​ခွေ​လေးအိပိ​ပျော်​​နေ​သော ရှင်းပိုင်​။

"သူ မ​အေးဘူးလားမသိဘူး​နော်​ ..."

"ဟယ်​ ဟုတ်​သားပဲ သား​ပြောမှ သတိရတယ်​ ရာသီဥတုက မ​အေး​ပေမယ့်​ ​မေ​မေတို့အိမ်​ကပျဉ်​​ထောင်​အိမ်​ဆို​တော့ ပျဉ်​ချပ်​​တွေကအနည်းနဲ့အများ​တော့ ​အေး​နေမှာ .. ဒီက​လေး​တော့ အ​အေးမိ​တော့မှာပဲ ..😐"

"ရတယ်​ ​မေ​မေ ရတုသူ့ကိုနှိုးပြီး ကုတင်​​ပေါ်​တက်​အိပ်​ခိုင်းလိုက်​မယ်​ 😄"

"​အေး​အေး အဆင်​​ပြေသလိုသာ လုပ်​ကြပါကွယ်
သြော်​ ဒါနဲ့ ​မေ​မေလာရင်းကိစ္စ​မေ့​တော့မလို့ ..
အောက်​ထပ်​မှာ သားတို့အတွက်​​မေ​မေ ကြက်​သားပြုတ်​​ပေးပြီးပြီလို့ အသား​တွေလဲ နူးအိ​နေ​အောင်​ပြုတ်​ထား​ပေးတယ်​ ဗိုက်​ဆာရင်​ ​အောက်​ကိုဆင်းခဲ့ကြ​နော်​ အခု​တော့ အိပ်​ချင်​လည်း ပြန်​အိပ်​လိုက်​ကြဦး..."

As U Like (Complete)Место, где живут истории. Откройте их для себя