As U Like (Ep 11)

4.1K 249 0
                                        

ခုံကိုပြန်​လာပြီး​တော့ ထမင်းဘူး​လေးကို ဖွင့်​ကြည့်​လိုက်​မိသည်

အထဲက​နေ ​ရတုကို ​ပျော်​​ပျော်​ကြီးလက်​ပြ​နေတာက စ​တော်​ဘယ်​ရီသီး နီနီရဲရဲ​လေး​တွေ

ရတု စိတ်​တိုသွားမိသည်

စ​တော်​ဘယ်​ရီဆိုတာ သူနဲ့ရန်​ဖက်​ပါ ရန်​ဖက်​​တောင်​မှ ရိုးရိုးရန်​ဖက်​မဟုတ်​ ဒီတသက်​ မျက်​နှာကိုဘယ်​​တော့မှမမြင်​ရရင်​ပို​ကောင်းမယ်​ဆိုတဲ့ ရန်​ဖက်​မျိုး

ရတု စိတ်ထဲတွင်​ ဟို​ကောင်​မ​လေးများ တမင်​လာစသွားတာလားလို့အထိ ထင်​မိသည်

သို့​ပေမယ့်​လဲ ပြန်​သွား​ပေးရ​အောင်​ အဲ့​ကောင်​မ​လေး နဲ့ပက်​သက်​လို့လဲ ဘာမှမသိ ပက်​သက်​ချင်​​လောက်​လဲ စိတ်​မဝင်​စားတာ မို့လို့ ထမင်းဘူး​လေး​လေးကိုပြန်​ပိတ်​ပြီး ​ခုံ​ပေါ်ပြန်တင်​​ထားလိုက်​သည်

သိပ်​မကြာလိုက်​ ​က​လောင်​က​လောင်​ဆိုပြီး ​ကျောင်း​ခေါင်း​လောင်းထိုးသံထွက်​လာတာမို့ ရတု ​ကျောင်းဝရန်​တာကိုထွက်​လာလိုက်​သည်

ကျောင်းတက်တာနဲ့ နိုင်​ငံ​တော်​သီချင်းဆိုရတာမို့ အဲ့အချိန်​ဆို ​ကျောင်းဝရန်​တာမှာ ​ကျောင်းသူ​ကျောင်းသားအကုန်​ လူစီပြီး
ဆရာကြီး ​ရုံးခန်းက ဖွင့်​တဲ့သီချင်းသံကိုနား​ထောင်​ပြီး လိုက်​ဆိုရသည်

နိုင်​ငံ​တော်​သီချင်းဆိုပြီး အတန်းထဲ ပြန်​ဝင်​လာ​တော့
သူ့ခုံတွင်​အကျပနထိုင်​ကာ ရတုတင်​ထားတဲ့ ထမင်းဘူးကိုဖွင့်​ပြီး စ​တော်​ဘယ်​ရီသီး​တွေစား​နေတဲ့ ရှင်းပိုင်

"မ​ပြောမဆိုနဲ့ ဘာလို့ယူစားတာလဲ "

ခုံတွင်​ဝင်​ထိုင်​ရင်း ရတု ​မေးလိုက်​သည်
ကိုယ်​​တော်​​ချောက ပြန်​မ​ဖြေနိုင်​ရှာ စ​တော်​ဘယ်​ရီသီး​တွေနဲ့ပါးစပ်​ပြည့်​​နေ​လေသည်

ဆက်​​မေးလဲ စကား​ဖြေ ပြန်​ရမှာမဟုတ်​တာမို့ ​မေးမ​နေ​တော့ပဲနဲ့ စာအုပ်​ကိုသာ အကြည့်​ပို့လိုက်​​တော့သည်

"အားလုံး.. မတ်​တပ်​ရပ်​ "

အတန်း​ခေါင်း​ဆောင်​ရဲ့ ​အော်​သံ​ကြောင့်​ တခန်းလုံးမတ်​တပ်​ရပ်​ကာ ဆရာမအား နှုတ်​ဆက်​လိုက်​ကြသည်

ဆရာမကိုနှုတ်​ဆက်​​တော့လဲ ရှင်းပိုင်​ မနှုတ်​ဆက်​နိုင်
ပါးစပ်​နဲ့ပြည့်​​နေတဲ့ စ​တော်​ဘယ်​ရီ​တွေကိုဖြည်းဖြည်းချင်းဝါးကာ မြိုချ​နေရသည်

ပြန်​ထိုင်​​တော့ ထမင်းဘူးထဲက စ​တော်​ဘယ်​ရီကိုထပ်​ပြီး လက်​လှမ်း​နေ​သေးတာမို့ ရှင်းပိုင်​လက်​ကို ရတုတားလိုက်​ပြီး

"​တော်​ပါ​တော့ကွာ နင်​​နေပြီဟာကိုထပ်​စား​နေ​သေးတယ်​ ပြီးမှ စား ငါသိမ်း​ပေးထားမယ်​ဟုတ်​ပြီလား "

ပြော​ပြောဆိုဆိုနဲ့ ထမင်းဘူးကိုပြန်​ပိတ်​လိုက်​ကာ ​ခုံ​အောက်​က စာအုပ်​​တွေကို တဖက်​ကိုသပ်​သက်​ရပ်​ရပ်​ကပ်​ပြီး ထမင်းဘူးကိုပါ ခုံ​အောက်​ထဲထည့်​ထားလိုက်​သည်

ဆရာမ​ပြောတဲ့စာအုပ်​အစုံအလင်​ကို ရတု ခုံ​ပေါ်ချခင်းပြီးတဲ့အထိ ရှင်းပိုင်​​ဘောပင်​မထုတ်​ရ​သေး

ပါးစပ်​ထဲက စ​တော်​ဘယ်​ရီလက်​ကျန်​ကိုသာ ဇိမ်​​ပြေန​ပြေဝါး​နေ​သည်

ဆရာမက​တော့ အတန်းသားအကုန်​လုံးကိုလိုက်​မကြည့်​နိုင်​တာမို့ White Book ဘက်​လှည့်​ကာ သင်​ခန်းစာကို​ခေါင်းစဉ်​တတ်​​နေ​လေပြီ

ရတု ​ထွေ​ထွေထူးထူး​ပြောမ​နေ​တော့ပဲနဲ့ ရှင်းပိုင်​လွယ်​အိတ်​ကိုလှမ်းယူလိုက်​ကာ စာအုပ်​အမြန်​ရှာပြီး ခုံ​ပေါ်တင်​​ပေးထားလိုက်​သည်​ ​ဘောပင်​ကို​တော့ ရှာရင်​​ခေါင်းမူးမှာစိုးလို့
ရတု ထုတ်​ထားတဲ့​​ဘောပင်​​ပေးလိုက်​ပြီး ရတုက ​နောက်​တ​ချောင်းထပ်​ထုတ်​လိုက်​သည်

အကုန်​လုံး လုပ်​လို့ပြီးသွားတဲ့အချိန်​မှာ​တော့ ရှင်းပိုင်​က ရတု​ခေါင်းကိုခပ်​ဖွဖွပုတ်​ပြီး လက်​မ​လေး​ထောင်​ကာ မျက်​လုံးတဖက်​မှိတ်​ပြသည်

"မျက်​နှာရူး ..."

ရတု ​ပြောသာ​ပြောလိုက်​ရတာပါ ရှင်းပိုင်​မျက်​လုံးမှိတ်​ပြတိုင်း ခုန်​​နေတတ်​တဲ့ရင်​က အခုချိန်​ထိ သူ့အကျင့်​အတိုင်း ခုန်​​နေဆဲ
ရင်​ခုန်​သံ​တွေကိုသူကြားသွားမှာစိုးလို့ ကိုယ်​ကိုကျုံ့ကာ သက်​သာလိုသက်​သာငှါး ဆရာမ သင်​​နေတဲ့ဆီကိုပဲ အာရုံပို့ထားလိုက်​သည်

😽😽😽😽
Voteက 20​တောင်​မပြည့်​​တော့ဘူးလို့ ​ယေ့​ယေ့ ငယ်​အရမ်း​တွေ​တော်​​နေသလား😂
ပြည့်​ပြည့်​ မပြည့်​ပြည့်​ပါ​နော်​ updateမှာပဲ 😌


As U Like (Complete)Où les histoires vivent. Découvrez maintenant