As U Like (Ep 14)

3.9K 181 15
                                        

....

"ရတု .. "

"အင်း"

"ဘယ်​ဖိတ်​စာ ကြိုက်​လဲ"

"မင်း​ကြိုက်​တာ​ရွေး"

"နင်​ကလဲ အဲ့လိုကြီးမ​နေစမ်းပါနဲ့ ဒီကိုကြည့်​"

ရတုလက်​ကိုတွဲမှီလိုက်​ကာ ဖိတ်​စာ​တွေကို ရတုမျက်​စိ​ရှေ့ ယူယူပြ​နေသည်

"သိမ့်​ .. မင်းဟာမင်း​ရွေးလို့မရဘူးလားကွာ"

"ရတုကလဲ .. ဟိုမှာကြည့်​"

သူမလက်​ညိုးထိုးပြတဲ့​နေရာကို လှမ်းကြည့်​လိုက်​​တော့
ကြင်​ကြင်​နာနာနဲ့ဖိတ်​စာ​ရွေး​နေကြတဲ့အတွဲ တတွဲ

"အဲ့တာဘာဖြစ်​လဲ"

"ဟာ .. ငါတို့်ကလဲ သူတို့လို မင်္ဂ​လာ​ဆောင်​ကြမယ့်​သူ​တွေပဲ​လေ သူတို့က ကြည်​နူး​နေကြတာ နင်​မ​တွေ့ဘူးလား? ငါတို့လဲအဲ့လို​လေး​နေရင်​...."

သူမက​ပြော​နေရင်းနဲ့တိတ်​သွား​တော့ ရတု့စိတ်​ထဲမသက်​မသာဖြစ်​သွားရသည်

"ဒီတခု ကြိုက်​တယ်​"

ဖွေး​ဖွေးဖြူ​ပြီးရိုးရှင်းစွာလှ​နေတဲ့ ဖိတ်​စာ တ​စောင်​ကို​ကောက်​ယူလိုက်​ကာ ရတု ​ပြောလိုက်​သည်

"ဟုတ်​လား .. ငါလဲ အဲ့တာ​လေးသ​ဘောကျ​နေတာ 😁
နင်​နဲ့ငါကအကြိုက်​တူတာပဲ"

သူမက အဲ့ဖိတ်​စာ​လေးကိုယူကာ ဆိုင်​ဝန်​ထမ်းဆီသွားပြီး အ​ရေအတွက်​သွားမှာ​နေ​လေသည်

Slလုပ်​ထားတဲ့ ရတုဖုန်းက တုန်​ခါလာတာမို့
ရတု .. ဖုန်းပြန်​​ဖြေလိုက်​သည်

*Hello*

*Hello ရတုဆက်​ ပါလားဗျ*

*ဟုတ်​ကဲ့ ကျွန်​​တော်​ ရတုဆက်​ပါ*

*ဟာ ... ရတု .. ငါ​လေကွာ ရှင်းပိုင်​.. စစ်​ရှင်းပိုင်​*

*ရှင်းပိုင်​*

ရတု ဖုန်းကိုင်​လျှက်​ပင်​ ​တွေ​ဝေသွားသည်
ထိုစဉ်​ အနားကိုပြန်​​ရောက်​လာ​သော သူမက

"ရတု ဘယ်​သူလဲဟင်​?"

"ရှင်း.. ရှင်းပိုင်​"

As U Like (Complete)Où les histoires vivent. Découvrez maintenant