As U Like (Ep 14.2)

4.5K 170 22
                                        

သတို့သမီးဝတ်​စုံ ​ရွှေအို​ရောင်​နဲ့ လိုက်​ဖက်​စွာ လှပ​နေတဲ့ သူမကို ရှင်းပိုင်​စိုက်​ကြည့်​​နေလိုက်​သည်

"ဟဲ့ ရှင်းပိုင်​ .. ငါအရမ်းလှ​နေလို့ ကြည့်​​နေတာလား"

"အင်း ​နင်​ ​တော်​​တော်​လှတယ်​"

"နင်​ကသာ လှတယ်​လို့ ​ပြော​နေတာ .. ရတုက ငါ့ကိုအဲ့လိုတခါမှမ​ပြောဖူးဘူး ဟ"

"ဒီ​နေ့​တော့ သူ​ပြော​လောက်​မှာပါ .. နင်​လဲ​နေခဲ့ဦး​လေ .. ငါ သူ့ဆီသွားလိုက်​ဦးမယ်​"

"အင်း"

သူမက ​ခေါင်းညိမ့်​ကာ သူမသူငယ်​ချင်း​တွေနဲ့အတူ ဓာတ်​ပုံရိုက်​ရင်း ကျန်​ရစ်​ခဲ့သည်

ရှင်းပိုင်​က​တော့ သတို့သား​လောင်းအခန်းဆီသွားကာ

သူများနဲ့ညားတဲ့ကိုယ့်​ရည်းစား သတို့သား​လောင်း​လေးကိုသွား​တွေ့ရမယ်​​လေ

နဂိုထဲက အသားဖြူဖြူနဲ့​ချစ်​စရာ​ကောင်း​အောင်​​ချောသူမို့ ကြက်​​ပေါက်​​အောင်​ တိုက်​ပုံက ရတုနဲ့လိုက်​ဖက်​လွန်း​နေမှာကျိန်း​သေသည်

သတို့သား​လောင်းအခန်းထဲ​ရောက်​​တော့ .. တည်​တည်​ငြိမ်​ငြိမ်​နဲ့ထိုင်​​နေတဲ့ ရတု..

ထင်​ထားတာထက်​ကို ပိုပြီး​ချော​နေ​သေးသည်

...... နီ​ဆွေး​နေတဲ့နှုတ်​ခမ်းတစုံဆီကို အကြည့်​က​ရောက်​သွားမိ​တော့ သည်းမခံနိုင်​စွာ ရှင်းပိုင်​တ​ယောက်​ ရတုအနားကိုတိုးသွားလိုက်​မိသည်

ရတုက သူ့​ရှေ့တွင်​လာရပ်​​နေတဲ့ရှင်းပိုင်​ကို ခပ်​​ဆွေး​ဆွေးမျက်​ဝန်း​တွေနဲ့​မော့ကြည့်​ကာ

"ငါ​မေးချင်​တာရှိတယ်​ ရှင်းပိုင်​"

"အင်း ​မေး​လေ"

"ငါ့ကိုချစ်​တယ်​ ဆိုတာ ညာခဲ့တာလား"

"ဟင့်​အင်း မညာခဲ့ပါဘူး"

ရတု ဟက်​ခနဲ တချက်​ရယ်​လိုက်​ကာ ရှင်းပိုင်​ဆီက​နေ အကြည့်​လွှဲပစ်​လိုက်​ပြီး

"လိမ်​တာ"

"...."

"ချစ်​တယ်​လို့​ပြောပြီး အမြဲတမ်း ထားသွားတယ်​ ..
ကတိ​တွေ​ပေးပြီး အမြဲတမ်း ​မင်းကအရမ်းစဖျက်​တယ်​..
မင်းကို... ငါ မချစ်​ခဲ့သင့်​ဘူး"

"....."

"မင်း ဘာလာလုပ်​တာလဲ မင်္ဂလာပွဲစပြီမို့လို့ လာ​ခေါ်တာလား"

ရတုက​ပြော​ပြောဆိုဆိုနဲ့ ရှင်းပိုင်​နဲ့ မျက်​နှာချင်းဆိုင်​ ထရပ်​လိုက်​ကာ ရှင်းပိုင်​မျက်​နှာကို​စေ့​စေ့ကြည့်​ကာ ပီပီပြင်​ပြင်​ကြီးကိုပြုံးပြလိုက်​သည်

"ငါ .. ဒီ​နေ့ကစပြီး.. မင်းကိုချစ်​ခဲ့တဲ့ရတုမဟုတ်​​တော့ဘူး..
မင်းနဲ့ ငါက ဒီအတိုင်း သူငယ်​ချင်း​တွေပဲ .. ဟုတ်​ပြီလား"

ပြောပြီးသည်​နှင့်​ ရှင်းပိုင်​ရဲ့ လည်​တိုင်​ကိုလှမ်းဖက်​ကာ ရတု အရမ်းသ​ဘောကျခဲ့တဲ့ နှုတ်​ခမ်းတစုံကို မွတ်​သိပ်​စွာ အနမ်း​ပေးလိုက်​သည်

တုန့်​ပြန်​မှုမရှိတဲ့အနမ်းကို မရပ်​တန့်​ချင်​​ပေမယ့်​လဲရပ်​တန့်​ပြီး
ရှင်းပိုင်​​ရှေ့က​နေ လှည့်​ထွက်​လာခဲ့လိုက်​သည်

..............

မင်္ဂ​လာပွဲကလဲ ​အောင်​မြင်​စွာပြီးစီးသွားသလို ရတုရဲ့ နှလုံးသားလဲ​အောင်​မြင်​စွာ ကွဲ​ကျေသွားခဲ့ပါပြီ

ရှင်းပိုင်​ မျက်​နှာတချက်​ပျက်​တာ​နေတာ​တောင်​ ရတုမ​တွေ့ခဲ့ပါ

ဒီ​နေ့ .. ပြီး​တော့ ဒီည

ဒီညလွန်​သွားတာနဲ့ ရတုက သူများရဲ့လူဖြစ်​သွားပြီ​လေ
ဒါကို​တောင်​ ရှင်းပိုင်​က ​အေး​ဆေးပဲတဲ့လား

သူ​တောင်​​အေး​ဆေးနိုင်​​သေးတာပဲ .. ရတုက​ရော
ဘာလို့မ​နေနိုင်​ရမှာလဲ ..

....... ..... ..... ......
                          💀The End💀

ပြီးသွားခဲ့ပါပြီ​နော်​😢



























































































































စတာ😁😁😁
End​သေးပါဘူး

As U Like (Complete)Where stories live. Discover now