ကျောင်းဆင်းချိန် ရှင်းပိုင် အိမ်ကိုသာ တန်းပြန်လာခဲ့သည်
လမ်းတဖက်ခြမ်းက ကောင်မလေးက ရှင်းပိုင်ကို တကြည့်ကြည့်နဲ့မို့ ရှင်းပိုင် ပြန်ကြည့်လိုက်တော့ သူမကပြုံးပြရှာသည်ပွင့်ပွင့်လင်းလင်းမဟုတ်ပဲ မပွင့်တပွင့်ပြုံးတာမျိုး
သူမကို စိတ်သိပ်မဝင်စားတာမို့ ရှင်းပိုင် ကိုယ့်လမ်းသာကိုယ်ဆက်လျှောက်လာလိုက်သည် သို့သော်လည်း ကြည့်နေတာကိုသိနေသည်မို့လို့ စိတ်ထဲတွင် ကလိကလိ ဖြစ်နေရသည်
*မင်းဘာကြည့်တာလဲဆိုပြီး * သွားမေးဖို့ရာသည် သူမကယောကျာ်းလေးမဟုတ်ပါလေ
မိန်းကလေးတယောက်ကို ကိုယ်နဲ့မသိပဲ ဘလိုင်းကြီး စကားသွားပြောဖို့လဲ ရှင်းပိုင်စိတ်မဝင်စားပါ
ကိုယ့်ကိုလာပြောရင်တော့ တမျိုးပေါ့ ဟုတ်တယ်မှတ်လား?
တလမ်းလမ်းရောက်ရင် ရှင်းပိုင် သူမဆီကအကြည့်တွေကနေကင်းလွတ်မှာပဲလို့ တွေးပြီး လျှောက်လာလိုက်သည်မှာ
ရတုတို့လမ်းထဲပင်ရောက်နေပြီဖြစ်သည်သို့သော် သူမအကြည့်တွေကနေမကင်းလွတ်နိုင်သေး
ရှင်းပိုင် စိတ်ထဲပေါ့သွားသလိုခံစားချက်ကြောင့် လမ်းတဖက်ခြမ်းကိုလှည့်ကြည့်လိုက်မိသည်
သူမက သူမအိမ်ထဲကို ဝင်သွားပြီလေ
ထို့ကြောင့် သူ့စိတ်တွေပေါ့သွားတာလားမသိ
သို့သော် ရှေ့ကိုပြန်လှည့်လိုက်တော့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ ရပ်နေသော ရတု
ရတုကိုမြင်တော့ ရှင်းပိုင်ရဲ့ပေါ့နေတဲ့စိတ်တွေက ပြန်လေးသွားပြန်သည်
ရတုကတော့ ဘာမှမသိ အေးအေးချမ်းချမ်းနဲ့သာ ရှင်းပိုင်ဆီလျှောက်လာနေသည်
ရှင်းပိုင်နားကိုရောက်တော့
"တယောက်ထဲ ပြန်လာရလို့ ပျင်းနေတာလား ရှင်းပိုင်
အဲ့တာကြောင့် ငါပြောသားပဲ မနက်က စက်ဘီးယူသွားပါဆိုတာကို"
VOUS LISEZ
As U Like (Complete)
Roman pour Adolescentsချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်