စာကြည့်စားပွဲမှာသာ ထိုင်နေတာ ရတု စိတ်က အိမ်အောက်ထပ်က စကားဝိုင်းဆီရောက်နေသည်
ရတုကို ဘာတွေပြောနေလဲမသိစေချင်လို့ .. မေမေကိုယ်တိုင်က
*စာသွားလုပ်လိုက်ဦး*ဆိုပြီး အနုနည်းနဲ့ပထုတ်သည်
ရှင်းပိုင်ကလဲ ... တားဆီးလိုဟန်မပြတာမို့ ရတု အောင့်သက်သက်နဲ့ အိမ်ပေါ်ထပ်ခဲ့လိုက်ရသည်
... ယောင်လည်လည်နဲ့အောက်ထပ်ကိုပြန်ဆင်းမယ်လို့စဉ်းစားကာ အဝတ်အစားလဲ ပြီး အခန်းတံခါးဖွင့်လိုက်တော့
အခန်းတံခါးရှေ့မှာ ငူငူကြီး ရပ်နေသည့် ရှင်းပိုင်
"ဟင်.. ရောက်နေတာ ဘာလို့မဝင်လာတာလဲ"
ရတုကိုတချက်တောင်အဖတ်မလုပ်ပဲ အခန်းနဲ့ ဝင်သွားတဲ့ ရှင်းပိုင်
ကိုယ်ကပဲသူများကိုချေလာတာ.. ကိုယ့်ကိုအချေခံလိုက်ရတော့ ရုတ်တရပ်ဆိုသလို ရတုကြောင်တောင်တောင်ဖြစ်သွားရသည်
ရှင်းပိုင်အခြေအနေကိုလှည့်ကြည့်လိုက်တော့ .. အဖတ်မလုပ်တာမို့ ရတု အောက်ထပ်ကိုပဲ ဆင်းခဲ့လိုက်သည်
...
"ရတု.. ခဏလာခဲ့ဦး သား"
လှေကားခြေရင်းတွင် အပေါ်တက်လာမည်ပြုနေတဲ့မေမေနဲ့တန်းတိုးတော့ မေမေက မျက်နှာမကောင်းလှပဲ ရတုကိုခေါ်သည်
ဧည့်ခန်းထဲမှာတော့ .. မျက်စိမျက်နှာပျက်နေတဲ့ ဦး
ရတုကိုလဲ တွေ့ရော မျက်လုံးတွေက အရောင်လက်လာကာ
တောင်းဆိုချက်တွေပြည့်နေသလို..
ဦး က ဘာမှစမပြောတာမို့ ဦးစကားပြောလို့အဆင်ပြေအောင်ရတုပဲ စပေးလိုက်သည်
"ရှင်းပိုင် မျက်နှာမကောင်းဘူး ဦး.."
ဦး ပြန်မဖြေပါ...မေမေသာ အဖြေဝင်ပေးသွားသည်
"ရှင်းပိုင်က အိမ်ပေါ်ကဆင်းတော့မယ်တဲ့ သား"
"ဘာလို့လဲ"
"သူ တောင်ကြီးမလိုက်နိုင်ဘူးတဲ့ .. ထပ်ပြီး လာခေါ်နေဦးမယ်ဆို မေမေတို့အိမ်ပေါ်ကပါ ဆင်းမယ်တဲ့ လိုက်မရှာနဲ့တော့တဲ့"
ရှင်းပိုင်ဆုံးဖြတ်ချက်ကိုကြားတော့ ပျော်မိပေမယ့် ဦးအတွက် စိတ်ကမကောင်း
"တောင်ကြီးကို မသွားလို့မရဘူးလား ဦး"
"ရှင်းပိုင်အဘွားက သူ့မြေးကိုအရမ်းချစ်တာ.. ပြီးတော့ တသက်လုံးသွားနေရမှာမဟုတ်ဘူးလေ ၃နှစ် ၄နှစ်လောက်ပဲ နေရမှာပါ.. ရှင်းပိုင်အဘွားက သူ့မြေးကိုသူ့အနားမှာခဏခေါ်ထားချင်တာ"
"အဲ့တာဆို ၃နှစ်လောက်ကြာရင်ပြန်လာမှာလား"
"အဲ့တာက..."
တကယ်သာပြန်လာမယ်ဆို *အွန်း ပြန်လာမှာပေါ့လို့* ချက်ချင်းဖြေလိုက်ရမယ်ဟာကို ဘာမှပြန်မဖြေတော့ ရတုသိပ်တော့ ဘဝင်မကျ
"သားကလဲကွယ် .. ပြန်လာဖြစ်ချင်မှပြန်လာဖြစ်မှာပေါ့ ..
ဟိုမှာလဲ လုပ်ငန်းတွေရှိတာပဲဟာ .. ဟိုမှာပဲ .. ..."မေမေကဆက်ပြောမည် ဟုကာမှ
ဦးက လက်အသာကာပြသည်
"သူမှနားမလည်တာ မမ ရယ် မေးပါစေ .."
မေမေနဲ့ဦးက ငယ်ငယ်ထဲက မိတ်ဆွေတွေမို့ မေမေ့ထက်၎နှစ်ငယ်တဲ့ဦးက မေမေ့ကို မမဟုသာခေါ်သည်
"ဦး.. ရတုမေးတာကိုသေချာဖြေပါ ပြန်လာမှာ သေချာလား"
"မလာဘူး"
အဖြေက ဦးဆီက မဟုတ်.. အနောက်ကနေရောက်လာတဲ့ ရှင်းပိုင် ဆီကပဲ ဖြစ်သည်
"မလာဘူး.. ငါမင်းဆီကိုလုံးဝပြန်မလာဘူး"
😩😩😩😩😩
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်