"ရှင်း...."
"အွန်း ပြောလေ "
"မနက်က နင်ပြောတာလေ "
"အွန်းလေ ဘာဖြစ်လို့လဲ "
ကျောင်းမုန့်စားဆင်းချိန် ရှင်းပိုင် တယောက်ထဲ ကျောင်းဝန်းထဲက ဘောလုံးကွင်းနားမှာထိုင်နေတုန်း သဒ္ဒါရောက်လာကာ
ရှင်းပိုင်ကို မနက်က အကြောင်းပြန်ပြောနေတော့ ရှင်းပိုင် အင်းအဲလိုက်ပေးလိုက်သည်အမှန်ဆို မနက်က ရတုကို မကျေနပ်လို့သာ သဒ္ဒါ့ကို တွဲမလားလို့မေးလိုက်တာလေ
အဲ့တာကို သဒ္ဒါက အဟုတ်ထင်သွားပုံ ရပါတယ်
အခု အစလာဖော်နေတော့ ရှင်းပိုင်မှာ ငြင်းရအခက် ခေါင်းညိမ့်ရအခက်
ငြင်းလိုက်ပြန်ရင်လည်း သူစလိုက်တဲ့ ဇာတ်လမ်းမို့ တဖက်မိန်းကလေးကိုအားနာရသည် မှတ်လား
ခေါင်းညိမ့်လိုက်ပြန်ရင်လည်း ရတုက ရှိသေးသည်လေ
စိတ်ညစ်ရတဲ့ထဲမှာ လွယ်လွယ်နဲ့ပါလာတဲ့ အဲ့လိုမိန်းကလေးတွေလဲ ပါသည်လေ
"အင်း.. အဲ့တာလေ "
"စိတ်ထဲ သိပ်မထားနဲ့ သဒ္ဒါ အဲ့တာ ငါသက်သက်စလိုက်တာ"
"ဘယ်လို 😳"
"ဟုတ်တယ် စလိုက်တာ ... ဒီအတိုင်း"
"ဟင်"
သဒ္ဒါက ရှင်းပိုင်ကိုတအံတသြနဲ့ကြည့်ကာ ပြေးထွက်သွားတော့သည်
သဒ္ဒါထွက်သွားတော့ ရှင်းပိုင် သူများတွေဘောလုံးကန်နေတာကိုပဲ ဆက်ကြည့်နေလိုက်သည်
သိပ်မကြာလိုက်ပါ ကျောင်းတက်ခေါင်းလောင်းတီးတော့ ဘောလုံးကန်နေတဲ့ ကျောင်းသားတွေလဲ ထွက်သွားကြသည်
ရှင်းပိုင်လဲ သူများနည်းတူ ကျောင်းခန်းထဲကိုပြန်သွားလိုက်သည်
ကျောင်းခန်းထဲရောက်တော့
ရှင်းပိုင် ... ရတုကို မတွေ့
BẠN ĐANG ĐỌC
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်