"အန်တီ ရတုကဘာဖြစ်သွားတာလဲဟင် "
"ညဘက်အိပ်ရေးပျက်တာများလို့ အားနည်းသွားတာလို့ပြောတယ် သမီး"
"သမီးကလေ စောစောထဲက လာမေးချင်တာ guideဆရာမလေးကမပြန်သေးလို့လေ "
"သြော် သမီးက ကိုအေးထွန်းတို့အိမ်ကမှတ်လား "
"ဟုတ်ပါတယ် အန်တီ ... ရတုနဲ့လဲကျောင်းချင်းတူပါတယ် အခန်းချင်းပဲကွဲတာပါ "
"သြော် အန်တီတော့သမီးလေးကိုမတွေ့မိပါဘူးကွယ် "
"ဟုတ်ကဲ့အန်တီ မေမေကသမီးကိုအပြင်သိပ်မထွက်ခိုင်းလို့ပါ ပြီးတော့ စာအုပ်နဲ့မျက်နှာနဲ့မခွာနိုင်သေးလို့ 😁"
"သမီးလေးကလိမ်မာလိုက်တာကွယ် ကြိုးစား သိလား "
"ဟုတ်ကဲ့ အန်တီ ... ဒါနဲ့ သမီးလေ ရတုနဲ့သူငယ်ချင်းလုပ်လို့ရမလားဟင် "
"ရပါတယ်သမီးရဲ့ သားကသဘောကောင်းပါတယ် "
"ရတုကသဘောကောင်းပေမယ့် အနေအရမ်းတည်တော့ သမီးကြောက်လို့ပါ 😁"
"ဟင်းဟင်း ရပါတယ် သမီးရယ် ဒါနဲ့သမီးတခုခုစားဦးမလား "
"ရပါတယ် အန်တီ သမီးပြန်တော့မှာပါ"
"အေးပါကွယ် အဲ့ဒါဆိုလဲ အန်တီလိုက်ပို့ပေးမယ်လေ .... ရှင်းပိုင်ရေ ရတုလေးကိုကြည့်ထားပေးနော် ရတုကစိတ်ပူစရာမရှိတော့ဘူးဆိုတော့ အန်တီ အောက်ထပ်မှာလုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ် "
"ဟုတ်ကဲ့ ......"
"လာ သမီး သွားကြမယ် "
"ဟုတ်ကဲ့ အန်တီ 😊"
.........ရတုရဲ့မေမေနဲ့ ဟိုကောင်မလေးထွက်သွားတော့မှ ရှင်းပိုင်.... ရတုအိပ်နေတဲ့ကုတင်ဘေးကိုသွားကာ ကုတင်ဘေးတွင်ထိုင်ချလိုက်ပြီး ရတုလက်ကလေးကိုဆုပ်ကိုင်ကာ ရတုမျက်နှာကိုတစိမ့်စိမ့်ကြည့်နေမိသည်။
"ရတု မင်းမြန်မြန်နိုးလာနော် ငါပြောစရာရှိတယ် သိလား
ငါမင်းကိုထားခဲ့ချင်လို့ထားခဲ့တာမဟုတ်ပါဘူးကွာ ငါမင်းကိုဘယ်လိုမှပြောမထွက်လို့ပါ ပြီးတော့ မင်းအရမ်းပင်ပန်းနေမှာစိုးလို့ပါကွာ မင်းနဲ့ဝေးနေတဲ့အချိန်အတွင်းမှာ ငါလည်းမင်းထက်မပိုရင်တောင်မှ မင်းထက်မလျှော့တဲ့ နာကျင်မှုတွေ တမ်းတလွမ်းဆွတ်မှုတွေကိုခံစားရပါတယ်ကွာ... ရတု မင်းအရမ်းပင်ပန်းနေလားဟင် ငါလက်လွှတ်ပေးလိုက်ရမလား ... မင်းအဆင်ပြေမယ်ဆို လက်လွှတ်ပေးချင်ပေမယ့် ငါအတ္တကြီးကြီးနဲ့ မင်းကိုပိုင်ဆိုင်ထားချင်နေတုန်းပဲ ရတု ရာ ငါလေ ငါ ..."
VOUS LISEZ
As U Like (Complete)
Roman pour Adolescentsချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်