ရတု အိပ်မက်ကောင်းတခုမက်ခဲ့သည်
အိပ်မက်ထဲမှာ ရှင်းပိုင်က သူနဲ့အတူလိုက်ခဲ့မလားလို့ လာမေးတယ်တဲ့ ရတု ပျော်လွန်းလို့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ကာ .. ရှင်းပိုင် လက်ကိုဆွဲပြီး သူခေါ်ရာနောက်ကိုလိုက်ခဲ့လိုက်သည်
ဘယ်ကိုခေါ်သွားနေမှန်းမသိတဲ့ ကားလေးပေါ်မှာ ရှင်းပိုင်နဲ့ရတု နှစ်ယောက်ထဲသာရှိနေခဲ့သည်
ရှင်းပိုင်မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်းနှင့် လွမ်းနေရကြောင်းတွေကို ရတု ဖွင့်ပြောနေလိုက်သည်
အနည်းငယ်ရီဝေနေခဲ့တာမို့ ရတု မှေးခနဲအိပ်ပျော်သွားခဲ့သည်
ထို့နောက် ....
.........
ခါးပေါ်ကို ရောက်နေသည့်လေးလံတဲ့အရာကြောင့် ရတု မနိုးချင်ပဲနိုးလာရတော့သည်
ညက .. .. သူငယ်ချင်းတွေနဲ့အတူ မူးရစ်စေတဲ့အရက်ကို စိတ်ပေါက်ပေါက်နဲ့ ထိုင်သောက်ပြီးနောက် အိပ်မက်ကောင်းတခုကိုမက်ခဲ့သည်လေ
"ဟက်😅 အိပ်မက်ကောင်းလေးပဲ"
သဘောတကျနဲ့ရယ်မောကာ ကိုယ်ကိုလှည့်လိုက်တော့
"ဟင်😶"
ရှင်းပိုင်... ရှင်းပိုင်အတူတူ ကုတင်တခုပေါ်ရောက်နေရကြောင်းကို အသည်းအသန်စဉ်းစားရင်း ထထိုင်မည်အပြု
စူးခနဲ အောင့်တက်လာတဲ့အောက်ပိုင်းကြောင့် ရတု ပြန်ငြိမ်သွားရသည်ဒါက ဘယ်လိုအခြေအနေလဲ ရတုကအခု သူမနဲ့ရှိနေမှာမဟုတ်ဘူးလား.. ဘာလို့ရှင်းပိုင်နဲ့လဲ .. Why?
ရှင်းပိုင် မနိုးလာခင် တိတ်တိတ်လေး ထွက်သွားဖို့ ပြင်လိုက်ကာ .. အဝတ်အစားတွေဝတ်ပြီး အပြင်ကိုထွက်လိုက်တော့
"ဒါ ဘယ်နေရာကြီးလဲ"
ပတ်ဝန်းကျင်တခုလုံး လယ်ကွင်းတွေကိုသာ တွေ့ရကာ တခြားအိမ်တွေကိုလဲပိစိလေးတွေပဲတွေ့နေရသည်
YOU ARE READING
As U Like (Complete)
Teen Fictionချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်