လေထုက တည်ငြိမ်နေကာ စိမ်းသက်သက်ကြီးဖြစ်နေသလိုမျိုး ရတု အတိအကျခံစားနေရလေသည်
မခံ နိုင် ရိုးလား
ပထမ တခေါက် သိမ့် နဲ့ဖိတ်စာလာရွေးတုန်းကလဲ ဒီဆိုင်
အခု ရှင်းပိုင်နဲ့ ဖိတ်စာလာရွေးတော့လဲ ဒီဆိုင်ဆိုင်က ဝန်ထမ်းမလေးတွေကတောင်
ရတုကိုမှတ်မိနေကြကာ ဟိုကပတ်ချောင်း ဒီကပတ်ချောင်းလုပ်နေကြသေးသည်ဒါတွေကို ရတုတယောက်ထဲ သိတာမဟုတ်ဘူး
ရှင်းပိုင်လဲ သိသည်
သို့သော် ရှင်းပိုင်က လုံးဝကို မသိချင်ယောင်ဆောင်နေကာ ခုံပေါ်တွင်တင်ထားသည့်
ဖိတ်စာ ၁၀ခုလောက်ကို သေချာငေးစိုက်ကြည့်နေသည်
ဘာမှမရှိပြောင်ရှင်းနေတဲ့ မေးဖျားကို လက်နဲ့ခပ်ဆဆပွတ်ကာ ဟိုဖိတ်စာ ကိုင်ကြည့် ဒီဖိတ်စာ ကိုင်ကြည့် နဲ့ အလုပ်ရှုပ်နေတဲ့ ရှင်းပိုင်ကို
ဘေးကနေ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်ကာ ရတု ငေးနေလိုက်သည်
ကိုယ်နဲ့ယူမယ့် သူမို့ ကိုယ်ပြောတာ မဟုတ်
ရှင်းပိုင်က ငယ်ငယ်လေးထဲက လူချော
မဆိုသလောက်လေးဆိုးတာကလွဲရင်
လူတိုင်းက သဲသဲလှုပ်ချစ်ကြသည်၁၅မိနစ်လောက် ဖိတ်စာတွေကိုထိုင်ကြည့်ပြီးမှ အဖြူရောင်လေးတခုကိုကောက်ကိုင်ကာ
"ဒါလေးက လှတယ်နော် "
"အင်း"
ရတု ခေါင်းငြိမ့်ပြမှ ဝန်ထမ်းကောင်မလေးတယောက်ကို လက်ပြခေါ်ကာ
ဖိတ်စာလေး ပေးမယ့် ဟန်ဖြင့် လက်မြှောက်လိုက်ပြီးမှ
လက်ကိုချက်ချင်းပြန်ချကာ
"နေပါဦး..
ဖြူဖြူသိမ့်နဲ့တုန်းက ဖိတ်စာက အဖြူရောင်ပဲမှတ်လား ""ဟင်"
"တော်ပြီ ဒါပဲရွေးတော့မယ် "
ချက်ချင်းကို ဖိတ်စာ အနီရောင်တခုကောက်ယူကာ ဝန်ထမ်းကောင်မလေး လက်ထဲထည့်ပေးလိုက်ကာ ဖိတ်စာ အရေအတွက်ကိုမှာလိုက်တော့သည်
VOUS LISEZ
As U Like (Complete)
Roman pour Adolescentsချစ်တယ် ဆိုတာထက် ပိုသော နက်ရှိုင်း မှုမျိုးကိုလိုလားခဲ့သည်