As U Like (Ep 8.2)

4.5K 216 0
                                        

"ငါ ​ကျောပိုးအိတ်​ ပြန်​​ပေးပါ "

ရတု ​လက်​သီး​လေးဆုပ်​ကာ ပြန်​​တောင်းသည်
သို့​သော်​ ပြည့်​စုံ​အောင်​က ခပ်​ရိရိရယ်​ကာ

"ဟာသ​တွေလာ​ပြော​နေတာလား ရတုဆက်
မင်းဟာမင်း ဘာ​ကောင်​ပဲ ဖြစ်​ဖြစ်​ အခုချိန်​မှာ မင်းက ငါ့ခုံ ငါ့​နေရာကို​ရောက်​လာ​နေတာ​နော်​"

ပြည့်​စုံ​အောင်​​ပြောလိုက်​တဲ့သ​ဘောကို ရတုက နားမလည်​​ပေမယ့်​ ရှင်းပိုင်​က​တော့ ပြည့်​ပြည့်​စုံစုံနားလည်​ပါတယ်

*ဟက်​~~ ​နောက်​ဆုံး​တော့လဲ ဒီလိုမျိုးပါပဲလား *

"ပြည့်​စုံ​အောင်​ မင်း ရတုကို သူ့​ကျောပိုးအိတ်​ပြန်​​ပေးလိုက်​ရင်​​ကောင်းမယ်​ သူက သူ့စာအုပ်​​တွေ ​ပျက်​စီးသွားများကို သူ့​ခြေ​တွေလက်​​တွေကျိုးသွားမှာထက်​ပို​ကြောက်​တယ်​ "

ရှင်းပိုင်​ ​ကျောပိုးအိတ်​ကိုတလှည့်​ ရတုကိုတလှည့်​ကြည့်​ရင်း သူတို့နားကို​ရောက်​​အောင်​​လျှောက်​သွားကာ ​ပြောလိုက်​သည်

ရတုက​တော့ ရှင်းပိုင်​ပါလာတာကို မကြိုက်​သလိုလိုနဲ့ ဟိုဘက်​ကိုလှည့်​​နေသည်

လက်​ကလဲ ပုဆိုးစကို ကိုင်​ထားတာ တင်းတင်းကြပ်​ကြပ်​ပါပဲ​လေ

*ဘာလဲ ရတု... မ​ကျေနပ်​တဲ့အ​ကြောင်းကို ငါ့ကို​ရှောင်​​နေတဲ့ပုံစံနဲ့ပြ​နေတာလား *

ရှင်းပိုင်​ စိတ်​ထဲက​နေ ခပ်​ကြိတ်​ကြိတ်​​တွေးလိုက်​ကာ ရတုကို ကြည့်​လိုက်​​တော့

ရတုကပြည့်​စုံ​အောင်​ကို မျက်​လုံးစိမ်းကြီး​တွေနဲ့ကြည့်​​နေကာ

"ငါ့ကို ​ကျောပိုးအိတ်​ပြန်​​ပေးပါ ပြည့်​စုံ​အောင်​ "

"ဘာလို့ လာ​တောင်း​နေတာလဲ မင်းပဲ လာထားထားတာ မဟုတ်​ဘူးလား "

"ငါထားထား တာ မဟုတ်​ဘူးလို့ မင်းကို​ပြော​နေတယ်​​လေ !!!"

ရတု ​အော်​ပစ်​လိုက်​သည်

ဟုတ်​သည်​ ရတုမျက်​လုံးထဲ ဘာမှမမြင်​​တော့ပါ

ရှင်းပိုင်​နဲ့ မျက်​နှာချင်းမဆိုင်​ချင်​ပါဘူးဆို​နေမှ အခုမျက်​နှာချင်းဆိုင်​​နေရသည်

As U Like (Complete)Where stories live. Discover now