baek- " မင်းကိုငါ လုံးဝစိတ်မ၀င်စားဘူးလို့ အကြိမ်ကြိမ်အခါခါလဲ ငါပြောပြီးပြီ... ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ကွာ .. မင်းကို တစ်ကျောင်းတည်းသားချင်းမို့ ဒီလောက် ယဉ်ယဉ်ကျေးကျေး လက်ခံစကားပြောနေတာ.. ငါ မင်း ကို လုံးဝမကြိုက်ဘူး ကြိုက်လို့လည်းမရဘူး.. ခေါင်းထဲတောင်ထည့်လို့မရဘူး အဲ့ဒါတစ်သက်လုံးအတွက်အဖြေပဲ... မမျှော်လင့်နဲ့တော့ ငါ့သဘောထား ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး Taemin.. ကဲ ...ဟေ့ရောင် ဆက်မလိုက်နဲ့တော့... ဒီနေ့ကစပြီး မင်းနဲ့ငါ သူငယ်ချင်းမဟုတ်တော့ဘူး သိလား မင်းကိုပေါင်းနေရင် မင်းကို မျှော်လင့်ချက်တွေပေးနေတယ် ထင်မှာဆိုးလို့ အဲ့ဒါကြောင့် မင်း ငါ့ကို လုံးဝခေါ်စရာမလိုတော့ဘူး "
အတည့်ဆောင်းထားသော ဦးထုပ်ကလေးကို ပြောင်းပြန်လှည့်ဆောင်းလိုက်ပြီး ခြေလှမ်းတွေကို နှစ်ဆ သုံးဆမက မြန်မြန်လျှောက်ပစ်လိုက်သည် ။ ခေါင်းလေးမော့ကာ ကျောပိုးအိတ် လက်ကိုင်ကို တင်းတင်းကိုင်ရင် လက်သီးဆုပ်ထားကာ ဒေါသတွေပြေအောင် ကြိုးစားမိသည်။
မကြိုက်ပါဘူးဆို...တကတည်း။ တော်တော်ဇွဲကြီးတဲ့အကောင် ။ စိတ်ရှိလက်ရှိလုပ်ရရင် ဆွဲထိုးမိတော့မယ် ။ ခဏခဏငြင်းထားပြီးသား။ အပြတ်ခါထားပြီးသား။
သဘောမပေါက်သလို နားမ၀င်သလို မအူမလည် နှင့်ပေကပ်ကပ်လာလုပ်နေတာ ကြာတော့စိတ်ချဉ်ပေါက်လာရော။
sehun- " ဟေ့ရောင် baekhyun စောင့်ဦးကွ "
ဘေးမှမပြေးရုံတမယ်ပါလာသော sehunက လက်မောင်းကို ဖမ်းဆွဲပြီးခေါ်၏ ။
sehun - " ဒီလောက်မပြောပါနဲ့ကွာ ဟိုကောင်က မင်းကို ရိုင်းတယ် ဦးမယ် တော်ကြာ မကြေနပ်လို့ အုပ်စုလိုက် လာဆော်နေမှဖြင့် "
baek - " အဲ့ဒီလို ဝိုင်းဆော်မှာ ဆိုတာကြောင့် သည်းခံနေခဲ့တာကြာပြီ... အခုချိန်က စပြီး အားမနာတော့ဘူး.. ဝိုင်းရိုက်ရင် ရိုက်ပစေတော့ ငါ ပြောပစ်တော့မယ် "
Taemin က baekhyun ဒေါသကိုသိနေသလို ဆက်လိုက်မလာတော့ပေ။
sehun - " ဟေ့ရောင် ဖြေးဖြေး လျှောက်ပါကွ.. ဘယ်လိုဖြစ်တာလဲ"
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ