part - 32

83 17 1
                                    

tok..... tok...

baek - " baekhyun ဝင်ခဲ့မယ်နော် chanyeol hyung "

yeol - " Aww... ဝင်ခဲ့လေ... လာ... ထိုင်...  "

တံခါးလေးကို အသာခေါက်ပြီး ခွင့်တောင်းတော့ သူ ဝင်ခွင့်ပေးလိုက်ပါသည်။
baekhyun မျက်နှာလေးက ခါတိုင်းထက် ချိုကြည်နေသလိုပါ။
ပါးလေးတွေ ဖောင်းအစ်ကာ မျက်လုံးလေးတွေက
လဲ မို့အစ်နေသည်။
မနက်လင်းစမှ သူမမျက်နှာလေးက ဖြူစင် အပြစ်ကင်းလွန်းကာ    စချင်စရာလေး ။

yeol - " ကဲ.. ပြော "

ဒီနေ့ company မှာ မနက်ရှစ်နာရီတိတိ စုံညီအစည်းအဝေး ရှိတာမို့ အားလုံးခပ်စောစောပဲ ရောက်နေကြတာ ။
baekhyun က သူ့ကို မော့ကြည့်ပြီး မျက်လုံးလေးမှေးပြီး သွားလေးတွေ ပေါ်အောင်ပြုံးပြ၏။

baek - " ကျနော် မနက်ဖြန် ခွင့်တစ်ရက် ယူချင်လို့ "

yeol - " ရတယ်လေ စဝင်ကတည်းက တစ်ရက်မှ  မပျက်သေးဘူး.. ဘာလို့လဲ... ဘယ်သွားစရာရှိလို့လဲ.. "

baek - " hyung ကိုလဲ appa နဲ့ eomma က ဖိတ်ခိုင်းလိုက်တယ် ၊ appa ကလဲ ဖုန်းဆက်မယ်တဲ့ eomma က ကျနော်လဲ ဖိတ်ခဲ့ပါ ပြောလိုက်လို့  ၊ မနက်ဖြန် Xiu noona စေ့စပ်ပွဲ ရှိတယ်လေ.. အဲ့ဒါ.. chanyeol hyung လဲ လာခဲ့နော် "

yeol - " ဟာ.. ဟုတ်လား... လာရမှာပေါ့ "

baek - " မနက်ဖြန် နေ့လည်ပိုင်းပါ... အိမ်မှာပဲလုပ်မယ်တဲ့ "

yeol - " ok... ok.... "

သူက ပြောစရာကုန်သွားသလို ထဖို့ပြသင်သည်။

yeol - " နေပါအုံး.... မေးစရာရှိသေးလို့. "

baek - " မေးလေ "

yeol - " အဲ့ဒီလူနဲ့ ညီနဲ့ တည့်ရဲ့လား "

baek - " ဘာလို့ မတည့်ရမှာလဲ "

yeol - " ညီ နဲ့ တည့်တယ်ဆို... အဲ့ဒီလူ မဆိုးဘူးပဲ တော်တာပေါ့ "

baek - " ဟွန်း..."

baekhyun က သူ့အကျင့်အတိုင်း နူတ်ခမ်းဆူသည်။

baek - " ကျနော် က appa , eomma , noona Xiu Su Lu တို့ကိုသာ ဆိုးတာပါ။ မိသားစုထဲမှာသာ ကိုယ့်ကိုချစ်မှန်းသိလို့ ဆိုးရဲတာ။ အပြင်လူတွေနဲ့ဆို ပုံမှန်ပါပဲ ။ မဆိုးဝံ့ပါဘူး ။ ကျနော့် ကို သည်းနေမှန်းသိလို့ ကျနော် ကဲပြတာ "

သူ့ စကားကို chanyeol ပါးချိုင့်လေးများပေါ်သည်အထိ နှစ်သက်စွာ ပြုံးဖြစ်သည် ။

baek - " Xiu noona ဘဲကြီးနဲ့ဆို တစ်ခါမှ စကားမပြောဖူးဘူး... ဒုက္ခပေးဖို့ဆို ဝေးရော သိလား... ခုရော ဒီမှာ ကျနော် ဆိုးလို့လား "

yeol - " ဟုတ်ပါတယ် ညီ အရမ်းလိမ္မာပါတယ် "

စိတ်ပါလက်ပါ ချီးကျုးတော့ သူက ကျေနပ်စွာရယ်သည်။

yeol - " ညာတတ်တာရယ်... ရှောင်ဖယ်ဖယ် လုပ်ချင်တာရယ်ကိုသာ ပြောစရာရှိတယ်.. တခြားတော့ ဘာမှ ပြောစရာမရှိပါဘူး "

baek - " အဲ့ဒါကလဲ ကျနော့်နေရာ ကျနော်သိတာ လိမ္မာခြင်း တစ်မျိုးပဲ "

chanyeol မပြုံးတော့ပဲ အသံထွက်အောင် ရယ်လိုက်သည်။

baek - " hyung မနက်ဖြန်လာနော် "

yeol - " ကောင်းပါပြီ.. လာမှာပါ "

baek - " ကျနော် သွားတော့မယ် "

သူ ခေါင်းညိမ့်ပြရင်း baekhyun ထွက်သွားတာကို လိုက်ကြည့်နေမိသည်။

ကြာလေကြာလေ ပိုသိလာတာကတော့ သူ ဖြူစင်လွန်းတာကိုပါပဲ ။ အစကတော့ ဒီလောက် အနေ အေးမှန်မသိခဲ့ပါ။
Mall မှာတွေ့ခဲ့တုန်းက ခုလောက် အနေအေးသော နှစ်သက်စရာကောင်းသော ကောင်လေးဟု သူလုံးဝ တွေးမရခဲ့ပါ။

baekhyun ပုံစံလေးက နုနုညံ့ညံ့လေး ချစ်စရာကောင်းသည်။
မရည်ရွယ်ပါပဲ သူ့ အကြောင်းတွေ ဆက်တိုက်တွေးနေမိသည်။

------------------------------------------------------

Double up ပေးလိုက်တယ်နော်
ဒါလေး မြန်မြန် ဇာတ်သိမ်းပြီးရင် နောက်တစ်ပုဒ် ရေးချင်တာလေး ရှိနေလို့ ........

chanbaek မြတ်နိုးသူ ( Yaoi )Donde viven las historias. Descúbrelo ahora