part_37

96 16 1
                                    

အပေါ်ထပ် ဝရံတာမှာ baekhyun တစ်ယောက်ထဲ ထိုင်ရင်း အတွေးလွန်နေမိရာမှ မျက်စိထဲဝင်လာသော မြင်ကွင်းကြောင့် စူးစူးစိုက်စိုက်ကြည့်မိသည်။
ခြံထဲက ဒန်းကလေးပေါ်မှာ suho noona နှင့် သူ့ စီနီယာတို့ လာထိုင်ကြသည်။

suho noona မျက်နှာလေးက ဝင်းပကြည်လင်လို့။ baekhyun ငေးကြည့်နေရင်း chanyeol hyung ကို ပိုသတိရလာသည်။ ဒီနေ့ဆို baekhyun အလုပ်မဆင်းတာ ၃ရက်ရှိပါပြီ။ ခြေထောက်က ကျောက်ပတ်တီးစီးထားရတော့ လမ်းသိပ်လျှောက်လို့မရတဲ့အပြင် အလုပ်လုပ်ရမှာကိုစိတ်မပါတော့ hyung ကိုလဲ baekhyun မတွေ့ချင်တော့။

တဖြည်းဖြည်း ပိုခံစားလာရမှာ သိနေပြီ။ အမြန်ဆုံးဝေးသွားကြတာပဲ နည်းနည်းသက်သာဦးမည်။ ခြံထဲကို ကားတစ်စီးဝင်လာတော့ လှမ်းကြည့်မိရင်း chanyeol hyung ကားပဲဆိုတာသိတော့ ရင်ထဲ အရမ်းပူနွေးလူပ်ရှားလာ၏။

Hyung က suho noona ရှိရာ ဆင်းလျှောက်သွားပြီးနောက် အမျိုးသားနှစ်ယောက် လက်ဆွဲနူတ်ဆက်တာမြင်ရသည်။ hyung ဘယ်လိုခံစားရမှာပါလိမ့်။

baekhyun ဆက်ထိုင်မနေတော့ပဲ အခန်းထဲကို ခုန်စွခုန်စွဖြင့် မြန်မြန်လျှောက်လာကာ အိပ်ယာပေါ်တက်အိပ်လိုက်သည်။
သူ့ကို baekhyun မတွေ့ချင်ပါ။ ရှောင်နေချင်သည်၊ ခဏကြာတော့ မေမေနှင့် hyung စကားတပြောပြောနှင့် လျှောက်လာနေသံတွေ ကြားနေရသည်။
မျက်လုံးတွေ တင်းတင်းမှိတ်ရင်း ဇွတ်ငြိမ်နေမိသည်။

Tao - " ဟော... ညနေပိုင်းကြီး အိပ်နေပါလား "

eomma က တအံ့တဩ။ hyung ဆီက ဘာသံမှ မကြားရ။

Tao - " သားငယ်လေး "

baek - " ဟင် "

အိပ်ချင်ယောင်ဆောင်နေသလို ဖြစ်မှာစိုးတာကြောင့်သာ ထူးရတာ။

Tao - " ဒီမှာ ဧည့်သည်လာတယ်.... ခြေထောက် သက်သာလား လာကြည့်တာတဲ့ အလုပ်ဆင်းချင်ရင် အပို့အကြိုလုပ်ပေးမလို့တဲ့ "

eomma ဆွဲထူပေးမှ မျက်လုံးဖွင့်ပြီး hyungကို သူကြည့်သည်။

အလကား hyung.... အလကားလူ။ ကျနော့် အချစ်တွေကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့လူ။ ကျနော် အရမ်းမုန်းတယ် သိလား။

chanbaek မြတ်နိုးသူ ( Yaoi )Où les histoires vivent. Découvrez maintenant