ညနေ 5နာရီတိတိမှာ အလုပ်ကိစ္စချိန်းထားတာ တစ်ခုရှိတာကို အချိန်ခဏရွှေ့ထားရင်း baekhyunကို ပြန်ပို့ပေးဖို့သူထွက်လာခဲ့မိသည်။
သူရောက်သွားတော့ ဆိုင်ရှေ့မှာ baekhyunစောင့်နေတာမမြင်ရပါ။ ဒါနဲ့ သူဆိုင်ထဲဝင်ပြီး ကြည့်ပေမယ့် baekhyun အရိပ်အယောင်ပင်မတွေ့ရ။ ဆိုင်မီးဖိုခန်းထဲဝင်ကြည့်တော့လဲ baekhyunကို မတွေ့။Yeol- " baekhyunရော "
waiterတစ်ယောက် ယောက်ကို သူမေးမိပါသည်။
waiter - " ဟို… စာရင်းဇယားတွေလုပ်ဖို့ နဲ့ ပိုက်ဆံရေ ဖို့ bossခေါ်သွားပါတယ် "
yeol- " Aww "
baekhyunက မုန့်ဖုတ်လာသင်တာလေ စာရင်းဇယားလုပ်ရအောင် အလုပ်သမားမှ မဟုတ်တာ chanyeol တွေးရင်း အပေါ်ထပ် heechul hyung ရုံးခန်းလေးထဲအထိ သူတက်လာခဲ့သည်။
heechul - " ဟော… chanyeol လာလေ "ဆိုင်ပိုင်ရှင်ဟု အားလုံးက သိထားသော အမှန်တော့ သူသည်ဆိုင်ရဲ့ 5ပုံ1ပုံသာ ရှယ်ယာထည့်ထားသော Boss ခေါ်သူ chanyeol ၏ စီနီယာက သူ့ကို ရယ်မောနှုတ်ဆက်ပါသည်။
Baekhyun က heechul hyung နဲ့ တော်တော် နီးနီးမှာ ကျုံ့ကျုံ့ထိုင်ရင်း ပိုက်ဆံတွေနှင့် စာရင်းစာအုပ်နှင့်…ဒါ baekhyunအလုပ်မှမဟုတ်တာ။ တစ်ခုခု အမှားအယွင်းဖြစ်ရင် baekhyunက ကန့်လန့် ကန့်လန့် အဆစ်ပါနေဦးမယ်။ baekhyunကိုမှ ရွေးပြီး ဒါတွေလုပ်ခိုင်းတာ ဘာသဘောလဲ ဘာရည်ရွယ်ချက်လဲ ။
chanyeol အရမ်းမကျေမနပ်ဖြစ် သွားမိပါသည်။
caekမုန့်ဖုတ်လာသင်တဲ့ သင်တန်းသား ဘာမှနားမလည်သေးသော baekhyun လေးကို ဒါတွေ လုပ်ခိုင်းစရာလား ။heechel - " ထိုင် chanyeol … coffee သောက်မလား "
yeol - "ရပါတယ် hyungမသောက်တော့ဘူး baekhyunကို လာခေါ်တာ 5နာရီ 15ရှိနေပြီ "
heechul က အပြစ်ရှိသလို ရယ်ရင်း…
heechul -" ဒီနေ့ minhyuk မလာလို့လေ အဲ့ဒါ baekhyunကို ခေါ်ခိုင်းရတာ သင်တန်းချိန်ပြီးနေမှန်းသိပါတယ်"
Baekhyunက ဆက်ပဲထိုင်ရနိုး၊ ပြန်ဖို့ပဲ ထရနိုးနှင့် chanyeol ကို လှမ်းကြည့်၏။
heechul - "ကဲပါ baekhyun ပြန်ဖို့ လာကြိုတာဆိုလဲ လိုက်သွားလေ"
baekhyunဖျတ်ခနဲ မတ်တပ်ရပ်ပြီး အောက်ဆင်းသွား၏။
YOU ARE READING
chanbaek မြတ်နိုးသူ ( Yaoi )
Fanfictionchanbaek KaiSoo Sulay Xiuchen KrisTao Sehun Luhan Main ကတော့ Chanbaek ပေါ့ Yaoi vers လေးပါ