part-27

96 17 2
                                    

Yeol- " ဘယ်လို"

chanyeolကော်ဖီခွက်ကိုပြန်ချထားပြီး kyungsooကို သေချာကြည့်သည်။

Yeol- " ဘာထွင်တာလဲ "

Soo -" ထွင်တာမဟုတ်ပါဘူး Hyung ကလဲ "

Yeol- " ရှုပ်ရှုပ်ယှက်ယှက်ကွာ "

မျက်ခုံးကြီးနှစ်ဖက်ကျုံ့ရင်း ခေါင်းရမ်းပြီး coffeeခွက်ကိုပြန်ကိုင်၏။

kyungsooစကားကို တော်တော်လေး မသက်မသာ နားထောင်လိုက်ရပုံ။

Soo- " ညီ တကယ်ပြောတာပါ hyung ရဲ့… အရမ်းပျင်းလို့ပါ  နောက် ကျောင်းပြီးရင်လဲ hyungအလုပ်ကို ဝင်ရမယ့်အတူတူ အခုထဲက ဝင်လုပ်တော့ ပိုမကောင်းဘူးလား "

Yeol -" aish…… ညီလေးတို့က ဘာလုပ်တတ်လို့ အလုပ်ခန့်ရမှာလဲ… အလုပ်ဝင်ချင်တယ်ဆိုတောင် ကျောင်းပြီးလို့ ဘွဲ့ရပြီးမှဝင် "

Soo -" မလုပ်တတ်ရင် သင်ပေးပေါ့… တကယ်လုပ်ချင်ပါတယ်ဆို "

Yeol -" ဟိုတစ်ယောက်ကရော "

Soo - " sehun လား sehunက သူ့ eomma ရွှေဆိုင်ထိုင်မယ်တဲ့  baekhyun ကလဲ uncle kris  company မှာ ဝင်လုပ်မယ်လို့ပြောနေတယ် တကယ်လို့သူ့တို့ 2ယောက် အလုပ်ဝင်သွားရင် ညီ တစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့ ပြီးတော့ ညီ့မှာ အလုပ်မရှိရင် သူတို့အထင်သေးမှာပေါ့
အဲ့ဒါကြောင့် ညီ လဲ hyung company မှာအလုပ်ဝင်မယ့် အတူတူ Baekhyunပါ ညီနဲ့ အတူတူလုပ်ဖို့  hyung က uncle kris ကိုပြောပေး "

yeol -" အင်း… ငါတော့ ဦးနှောက်စားပြီ "

chanyeol ကော်ဖီကိုပင် စိတ်အေးလက်အေး မသောက်နိုင်တော့ပါ ။

yeol -" ညီလေး hyung ပြောမယ် sehun တစ်ယောက်ကလဲ သူ့omma ရွှေဆိုင်ထိုင်မယ် baekhyunကလဲ uncle kris company မှာ အလုပ်ဝင် ဒါ သူတို့မိဘတွေ အလုပ်သူတို့ ကူတာလေ hyung က ဘာလို့ baekhyun ကို hyung company မှာ အလုပ်ခန့်ရမှာလဲ "

Soo- " မသိဘူး hyung  ပြောပေးမှာလား မပြောပေးဘူးလား  မပြောပေးရင် appa တို့ eomma တို့ဆီ ဖုန်းဆက်ပြီး ပြောခိုင်းမှာနော်  "

kyungsoo အကြပ်ကိုင်လိုက်တော့.. 

yeol - " ဒါဆို ဒီလိုလုပ် hyung တို့ company အောက်မှာလေ Hee-chul hyung coffee ဆိုင်မှာ ပြောပေးမယ်လေ coffeeဖျော် cake လုပ်တာသင်ပေါ့ တတ်သွားရင် baekhyun နဲ့ ညီလေး နဲ့ ပေါင်းပြီး cafe ဆိုင်ဖွင့်လိုက်လေ hyung အရင်းအနှီး ထုတ်ပေးမယ်လေ company အလုပ်ထက် coffeeဖျော် cake မုန့်ဖုတ်တာက ပိုအပျင်းပြေတာပေါ့.. company အလုပ်ကတော့ ဘွဲ့ရပြီးမှ လာလုပ်လေ ဘယ်လိုလဲ "

chanbaek မြတ်နိုးသူ ( Yaoi )Where stories live. Discover now